Unicode
အပိုင်း ( ၂၁ )" မင်း ရူးနေတာလား ဟမ် ညလေပြေ "
ညလေပြေ၏တစ်ကိုယ်လုံးဟာ လင်းမုန်တိုင်း၏ရင်ခွင်ထဲမှာ စုန်းစုန်းမြုပ်နေသည်။
လင်းမုန်တိုင်းမှာလည်း သူသူအချိန်မှီရောက်မလာခဲ့ရင်ဆိုသည့်အတွေးကြောင့် ညလေပြေကို ဒေါသထွက်နေသည်။
" ဟမ် ဘာအရူးထနေတာလဲ သေတတ်တယ်ကွ သိရဲ့လား မင်း ငါ့ကို မကြည့်တော့ဘူးလား ဟမ် "
" ဟင့် ငါ .. ငါ အသက်မရှင်ချင်တော့ဘူး မုန်တိုင်း ငါ့မိဘတွေက... "
" တော်လိုက်တော့! သူတို့က မင်းကိုလက်ခံတာ လက်မခံတာ သူတို့ကိစ္စ၊ အဲ့တာကို မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုဒုက္ခခံပြီး နှိပ်စက်နေရတာလဲ မင်းမှာ ငါတစ်ယောက်လုံးရှိတယ်လေ မင်း အခုလို အဆုံးစီရင်ဖို့ကြိုးစားတာက ငါ့အချစ်ကို စော်ကားလိုက်သလိုပဲ ငါ့ကို မင်း မယုံကြည်ဘူးလား ဟမ် "
ညလေပြေ အခုထိ လင်းမုန်တိုင်း၏ရင်ခွင်ထဲကမထွက်သေးဘဲ တသိမ့်သိမ့်တုန်ကာငိုနေဆဲဖြစ်သည်။ လင်းမုန်တိုင်းကလည်း ညလေပြေကိုဒေါသထွက်နေပေမဲ့ သူ့ရင်ခွင်ထဲမှာငိုနေတဲ့ညလေပြေကို ဖက်ထားဆဲဖြစ်သည်။
" မဟုတ်ဘူး ဟင့် .. ငါ မင်းအချစ်ကိုစော်ကားတာမဟုတ်ပါဘူး ငါ တကယ်ပင်ပန်းနေပြီ "
" တိတ်တော့နော် ... ငါသာအချိန်မှီရောက်မလာခဲ့ရင် မင်းဘယ်လိုလုပ်မလဲ တော်သေးတာပေါ့ ငါ့စိတ်ထဲမှာ မင်းဆီကိုလာဖို့ ဒီလမ်းကသွားဖို့ဆော်သြော်နေလို့သာပေါ့ မဟုတ်ရင်..... "
" ငါ .....ငါ တောင်းပန်ပါတယ် "
" ရတယ် အခု ဘာမှမဖြစ်တော့ဘူး တိတ်တော့နော် မင်း အကြာကြီးငိုထားတယ်မလား "
" ဟင့်...! "
ညလေပြေလည်း သူ့ကိုဖက်ထားတဲ့လင်းမုန်တိုင်း၏ရင်ခွင်ထဲကိုအတင်းတိုးကာ အခုချိန်ထိမကုန်နိုင်သေးတဲ့မျက်ရည်တွေကို ကျဆင်းခွင့်ပေးလိုက်သည်။
" မငိုနဲ့တော့နော် ငါနဲ့အတူတူ ကျောက်ပန်းတောင်းကိုပြန်ကြမယ် "
ထိုနေ့က ညလေပြေ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့သည်။ သို့သော် သူ့ဆီကိုလာတဲ့ လင်းမုန်တိုင်းက မန္တလေးကိုရိုးရိုးလမ်းမကြီးကသွားရမဲ့အစား ညလေပြေနဲ့သူတို့နှစ်ယောက် မန္တလေးမှာတွေ့တဲ့အချိန်တိုင်းသွားနေကြဖြစ်တဲ့ မြစ်ကိုဖြတ်ထားတဲ့တံတားရှိသည့်လမ်းကနေ သွားတာကြောင့် တံတားပေါ်ကနေ ခုန်ချဖို့ကြိုးစားနေသော ညလေပြေကိုတွေ့လိုက်သည်။ လင်းမုန်တိုင်းမှာ ညလေပြေ၏ထိုလုပ်ရပ်ကိုတွေ့တွေ့ချင်းမှာပင် ထိတ်လန့်တကြားဖြစ်ကာ ဆိုင်ကယ်ကိုတောင်မရပ်နိုင်၊ အရှိန်မသေသေးတဲ့ဆိုင်ကယ်ပေါ်ကနေခုန်ဆင်းပြီး ညလေပြေဆီကိုပြေးသွားလိုက်၍ ခုန်ချဖို့ကြိုးစားနေသည့်ညလေပြေ၏ဂုတ်ကနေလှမ်းဆွဲလိုက်သည်။ ထို့နောက် တံတားလက်ကိုင်လက်ရန်းဘောင်အတွင်းသို့ ပြန်ဆွဲသွင်းကာ သူ့ရင်ခွင်ထဲမှာ ညလေပြေကိုတင်းကျပ်စွာဖက်ထားခဲ့သည်။ ထိုအချိန်ကစပြီး ညလေပြေနဲ့လင်းမုန်တိုင်းတို့နှစ်ဦးသဘောတူ အတူတူနေခဲ့ကြသည်။ ညလေပြေ၏မိဘတွေကြောင့် ကျောက်ပန်းတောင်းကတချို့လူတွေကတော့ သူတို့အကြောင်းကိုသိကြပြီး တချို့ကတော့ လင်းမုန်တိုင်းတို့ကို သူငယ်ချင်းလို့ပဲထင်နေကြဆဲ။ သူတို့အကြောင်းကိုသိကြတဲ့ တချိုလူတွေထဲက ရာခိုင်နှုန်းနဲ့တွက်လျှင် အယောက်တစ်ရာမှာ သုံးဆယ်က ရွံရှာကြပြီး တစ်ဆယ်က လက်ခံပေးသည်။ ကျန်တဲ့ ခြောက်ဆယ်ကတော့ လက်ခံသည်လည်းမဟုတ် လက်မခံသည်လည်းမဟုတ် သူတို့ဘာသာသူတို့နေကြသည်။
YOU ARE READING
အတိုင်းအထက် အလွန် / အတိုင်းအထက် အလွန် [ Completed ]
Teen Fictionunicode ခပ်ဆိုးဆိုး ဂျစ်ကန်ကန်အမြဲတမ်းနေတဲ့ ကောင်လေးတစ်ယောက်။ ည ဆိုတဲ့ကောင်လေးတစ်ယောက်ကလွဲရင် ကျန်တာဘာကိုမှဂရုမစိုက်တက်တဲ့ အရမ်းသဝန်တိုပြီး ဒေါသထွက်လွယ်တဲ့ လင်းမုန်တိုင်း ။ ။ အရာရာကို အကောင်းမြင်တက်လွန်းတဲ့ ကောင်လေးတစ်ယောက်။ မုန...