Unicode
အပိုင်း ( ၂၂ )" မင်းကို ငါက ပင်ပန်းမှာစိုးလို့ပါကွာ ပြီးတော့ မယုံဘူး "
"'ဖယ် ဘာလဲ မင်းက ငါ့ကိုခုထိမယုံသေးဘူးလား "
ညလေပြေ လင်းမုန်တိုင်းရဲ့စကားကြောင့် သူ့ပါးစပ်ပေါ်မှာတင်ထားတဲ့လင်းမုန်တိုင်း၏လက်ကိုဆွဲဖယ်ကာ ငုတ်တုပ်ထထိုင်လိုက်သည်။
" အေးလေ မင်းစိတ်ထဲမှာ ငါက ခုထိ gay ဆိုတဲ့အမှန်တရားကို မင်းမဖျောက်နိုင်သေးဘူးမလား gay ဆိုတာနဲ့ အခြားယောက်ျားတွေကို စိတ်ဝင်စားမယ်လို့ မင်း ငါ့ကိုထင်နေတာမလား "
" မဟုတ်ဘူး..! ည ငါပြောချင်တာ အဲ့လိုမဟုတ်ဘူး ငါပြောချင်တာက ငါ့ကိုယ်ငါ မယုံတာ မင်းပြောတာဟုတ်ပါတယ် မင်းက gay တစ်ယောက်မို့အခြားယောက်ျားလေးတစ်ယောက်အပေါ်စိတ်ယိုင်သွားမလားဆိုတဲ့စိတ်ကိုမထုတ်နိုင်သေးဘူး ဒါပေမဲ့ ငါ မင်းကို ယုံကြည်တယ် ည မင်း ငါ့ကို သစ္စာမဖောက်ဘူးဆိုတာကို ငါ့ဦးနှောက်ကရော နှလုံးသားကပါ ယုံတယ် မယုံကြည်တဲ့စိတ်က ငါ့ကိုယ်ငါပါ ငါ့ကိုယ်ငါ ယုံကြည်မှုမရှိဘူး ည ငါကလေ မင်းနဲ့ယှဉ်ရင်တောင် ရုပ်ရည်၊ ပိုင်ဆိုင်မှု၊ အတန်းပညာ ဘာတစ်ခုမှသာမနေဘူးလေ "
ညလေပြေ လင်းမုန်တိုင်း၏စိတ်ကိုနားလည်သည်။ လင်းမုန်တိုင်းကိုစချင်တာကြောင့် စောနက ဒေါသထွက်ဟန်ဆောင်ကာ လေသံမာမာနဲ့စိတ်ဆိုးသလိုပြောလိုက်သည်နှင့် ချက်ချင်း သူ့စိတ်ထဲမှာရှိနေသောအကြောက်တရားတွေကိုထုတ်ပြလာတဲ့လင်းမုန်တိုင်းကို ကျေနပ်မိသည်။ လင်းမုန်တိုင်းက ညလေပြေရှေ့မှာသာ ခပ်ကြမ်းကြမ်းအားကိုးချင်စရာကောင်းတဲ့ပုံစံနဲ့နေနေပေမဲ့ သူ့ရဲ့စိတ်ထဲမှာ ညလေပြေနဲ့ပတ်သတ်ပြီးအကြောက်တရားတွေကိန်းအောင်းနေမှန်း ညလေပြေသိသည်။ ထို့ကြောင့် အခုလို ပွင့်ထွက်လာအောင် အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်းတစ်မျိုးမျိုးနဲ့ငြင်းထုတ်နေတဲ့လင်းမုန်တိုင်းကြောင့် အခွင့်မသာခဲ့။ သူတို့နှစ်ယောက်ကြားမှာ ပွင့်လင်းကြမယ်လို့ညလေပြေကပြောထားပေမဲ့ လင်းမုန်တိုင်းကတော့ သူ့ရဲ့အားနည်းချက်၊အကြောက်တရားတွေကို ပွင့်ပွင့်လင်းလင်းဖြင့် ညလေပြေကို ဘယ်တော့မှမပြောပြ။ အခုတော့ သူဖြစ်စေချင်တဲ့အတိုင်း လင်းမုန်တိုင်းဘက်ကနေ ညလေပြေကို ဖွင့်ပြောလာပြီဖြစ်သည်။
BINABASA MO ANG
အတိုင်းအထက် အလွန် / အတိုင်းအထက် အလွန် [ Completed ]
Teen Fictionunicode ခပ်ဆိုးဆိုး ဂျစ်ကန်ကန်အမြဲတမ်းနေတဲ့ ကောင်လေးတစ်ယောက်။ ည ဆိုတဲ့ကောင်လေးတစ်ယောက်ကလွဲရင် ကျန်တာဘာကိုမှဂရုမစိုက်တက်တဲ့ အရမ်းသဝန်တိုပြီး ဒေါသထွက်လွယ်တဲ့ လင်းမုန်တိုင်း ။ ။ အရာရာကို အကောင်းမြင်တက်လွန်းတဲ့ ကောင်လေးတစ်ယောက်။ မုန...