အပိုင်း ( ၅ ) / အပိုင္း ( ၅ )

907 35 0
                                    

Unicode
အပိုင်း ( ၅ )

10.8.2017 ( တနင်္လာနေ့ )

" ကဲ ကဲ အားလုံးပဲ တိတ်ကြမယ် ဒီနေ့ဆရာမတို့အတန်းထဲကို ကျောင်းသားသစ်ရောက်တယ် သူက ကျောင်းသားသစ်ဆိုပေမဲ့ အရင်ကဒီကျောင်းမှာနေခဲ့ဖူးပြီးသား သူ့ကိုမှတ်မိတဲ့သူတွေလည်းရှိလိမ့်မယ်လို့ ဆရာမထင်တယ် သား သားကိုယ်သား မိတ်ဆက်လိုက်ပါအုန်း "

" ဟုတ်ကဲ့ ဆရာမ ကျွန်တော့်နာမည် ညလေပြေပါ "

ညလေပြေတစ်ယောပ် ငယ်ငယ်ကခွဲခွာခဲ့ရသော ကျောက်ပန်းတောင်းမြို့ကြီးဆီကိုတစ်ခေါက်ပြန်လာခဲ့ခြင်းဖြစ်သည်။ ပြန်လာခဲ့ရသည့်အကြောင်းရင်းကတော့ မိဘတွေကြောက့်ပဲဖြစ်သည်။ ညလေပြေ၏အဖေက တာဝန်ထမ်းဆောင်ရင်း တိုက်အမြင့်ပေါ်ကနေပြုတ်ကျကာ ခြေထောက်တစ်ဖက်ကျိုးသွားတာကြောင့် အလုပ်ကနေရာထူးနဲ့နှုတ်ထွက်ပြီး အငြိမ်းစားယူခဲ့ရခြင်းကြောင့်ဖြစ်သည်။ ညလေပြေ၏တောင်းဆိုချက်အရ ညလေပြေတို့ဟာ ကျောက်ပန်းတောင်းနယ်တဝိုက်အနားက မြေကွက်လပ်တစ်ခုကိုဝယ်ကာ ထိုမြေ၌ နှစ်ထပ်တိုက်ပုလေးတစ်လုံးဆောက်ပြီး ပြန်လာနေခြင်းဖြစ်သည်။

" ကဲ သား လွတ်တဲ့နေရာဝင်ထိုင်လိုက်နော် "

" ဟုတ်ကဲ့ ဆရာမ "

ညလေပြေလည်း ထိုင်သူမရှိတဲ့စဥ်ထားတဲ့ခုံတွေထဲမှ ဒုတိယခုံမှာထိုင်လိုက်ပြီး အတန်းထဲကို မျက်လုံးဝှေ့ရှာလိုက်သည်။ သို့သော် သူမြင်ချင်တဲ့အရာက ထိုအခန်းထဲတွင်ရှိမနေခဲ့ပေ။

" ဆရာမ နာမည်ခေါ်မယ် ကိုယ့်နာမည်ပါရင် မတ်တပ်ရပ်ပြကြနော် ဆယ်တန်းဆိုတော့ ကလေးတွေလို ရှိပါတယ်ဗျဆိုပြီး မအော်ချင်ကြဘူးမလား အဲ့တော့ မတ်တပ်လေးတော့ ရပ်ပေးကြ ကဲ မောင်............/မ................ "

ညလေပြေ ဆရာမက ကျောင်းသားနာမည်ခေါ်ပြီးလူစစ်မယ်ဆိုသောစကားကြောင့် သူ့မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်စဥ်လေးတွေ လင်းလက်သွားသော်လည်း ဆရာမက အတန်းထဲကကျောင်းသားတွေနာမည်ကိုအကုန်ခေါ်ပြီးတာတောင်မှ သူကြားချင်တဲ့နာမည်ကိုမကြားလိုက်ရတာကြောင့် သူ့စိတ်ထဲအနည်းငယ်ဘဝင်မကျဖြစ်သွားသည်။
သင်ကြားရမဲ့ဘာသာပြဆရာမက သူ့အချိန်ကုန်လို့အတန်းထဲကထွက်သွားသည်နှင့် ညလေပြေ အတန်းကနေချက်ချင်းထကာ အခန်းအပေါက်ဝမှာဆရာက်နေတဲ့ဆရာမဆီကိုပြေးသွားလိုက်သည်။

အတိုင်းအထက် အလွန် / အတိုင်းအထက် အလွန်  [ Completed ]Donde viven las historias. Descúbrelo ahora