အပိုင်း ( ၂၇ ) / အပိုင္း ( ၂၇ )

633 27 0
                                    

Unicide
အပိုင်း ( ၂၇ )

ညရောက်တော့ ညလေပြေတို့မြေးအဖွားနှစ်ယောက်နဲ့လင်းမုန်တိုင်းတို့သုံးယောက် အိမ်အောက်ထပ်က ဧည့်ခန်းထဲမှာထိုင်ရင်းစကားပြောဖြစ်ကြသည်။

" မြေးလေးတို့ မနက်ကျရင် ဘယ်အချိန်ပြန်ကြမှာလဲ "

" မနက်စောစောပြန်မှာ အဖွား "

" အော် အေးအေး ဒါနဲ့ မြေး မုန်တိုင်း "

" ဟုတ် အဖွား "

ညလေပြေက ဒေါ်သီရိကိုအဖြေပြန်ပေးပြီးနောက် ဒေါ်သီရိဇင်က လင်းမုန်တိုင်းဘက်ကိုလှည့်ကာ လင်းမုန်တိုင်းကို ခေါ်လိုက်သည်။

" အဖွားမြေး လေပြေလေးကို သည်းခံပြီးဂရုစိုက်ပေးနော် အဖွားမြေးက မြေးထက်အသက်ကြီးတယ်ဆိုပေမဲ့ သူ့စိတ်က တခါတလေကျရင် အရမ်းကလေးဆန်ပြီး ဆိုးတက်တာ မြေးလည်း သိမှာပါ "

" ဟုတ် အဖွား ကျွန်တော် သိပါတယ် "

" အဖွားကလည်း "

ညလေပြေက လင်းမုန်တိုင်းနဲ့အဖွားပြောတဲ့စကားဝိုင်းထဲကိုဝင်ပြီး အဖွားကို ရှက်ရမ်းရမ်းကာ ပြောသည်။

" မဟုတ်လို့လား မြေးရယ် "

" သားက အဲ့လောက်ကြီးလည်း မဆိုးပါဘူးနော် .... နော့် မုန်တိုင်း "

" အဖွားစိတ်ချပါ ကျွန်တော်က ညကို သူဘယ်လောက်ဆိုးဆိုး ကျွန်တော်က သည်းခံပြီး တစ်သက်လုံးစောင့်ရှောက်ပေးသွားမှာပါ "

လင်းမုန်တိုင်းက ယုံကြည်ချက်ရှိရှိနဲ့ပင် ဒေါ်သီရိဇင်စကားကို ညလေပြေအားကြည့်ကာ ဖြေလိုက်သည်။

" အေးပါကွယ် မြေးတို့လည်း မနက်ကျစောစောပြန်ကြမှာမလား စောစောအိပ်ကြလေ "

" ဟုတ် အဖွား "

လင်းမုန်တိုင်းက ပြောလိုက်ခြင်းဖြစ်သည်။

" ဟို အဖွား "

" ဟေ ပြောလေ မြေး ဘာပြောမလို့လဲ "

ညလေပြေ ထသွားဖို့ပြင်လိုက်ပေမဲ့ တစ်စုံတစ်ခုကိုသတိရသွားကာ အဖွားဖြစ်သူကို မေးရန်ပြင်လိုက်သည်။

" မေမေနဲ့ဖေဖေ အဆင်ပြေကြတယ်တဲ့လားဟင် "

" အော် အင်း သူတို့ အဲ့မှာအဆင်ပြေတယ်တဲ့ ဒီကိုလည်း ပြန်လာဖို့အစီအစဉ်မရှိဘူးလို့တော့ ပြောတာပါပဲ အဲ့မှာပဲ နေတော့မယ်လို့ပြောတယ် "

အတိုင်းအထက် အလွန် / အတိုင်းအထက် အလွန်  [ Completed ]Donde viven las historias. Descúbrelo ahora