အပိုင်း ( ၁ ) / အပိုင္း ( ၁ )

2.4K 82 0
                                    

Unicode
အပိုင်း ( ၁ )

31.7.2020 ( သောကြာနေ့ )

လင်းမုန်တိုင်း ဒီနေ့အလုပ်ကနေစောစောပြန်လာသည်။ လက်လုပ်လက်စားဘဝသမားများကလည်း ဒီလိုနေ့မှာ လုပ်ခစုရှင်းကြသလို သူကိုယ်တိုင်ကလည်း ဒီနေ့ပိုက်ဆံရှင်းခဲ့ပြီးသည်ကတစ်ကြောင်း လခစားစက်ရုံ၊ရုံးဝန်းထမ်းများကလည်း လကုန်ရက်ဖြစ်တာကြောင့်လစာထုတ်သူကထုတ်ပြီးလို့ဝယ်စရာရှိသည်ကို ဝယ်ခြမ်းနေကြသဖြင့် လမ်းတစ်လျှောက်လုံးမှာလည်း သာမာန်နေ့တွေထက် ပိုရှုပ်ယှက်ခက်နေသည်။ လင်းမုန်တိုင်းအလုပ်က အစိုးရအလုပ် စက်ရုံအလုပ်မဟုတ်ဘဲ သာမာန်နေ့စားကုန်တင်ကုန်ချသမားဖြစ်သည်။ အလုပ်နဲ့သူနေတဲ့ရပ်ကွက်က သိပ်မဝေးတာကြောင့် လင်းမုန်တိုင်းရဲ့အလုပ်သွားအလုပ်ပြန်ဟာ ကိုယ့်ခြေထောက်ကိုယ်သုံးဖြစ်သည်။ ဒါပေမဲ့ ဒီနေ့မှာတော့ လင်းမုန်တိုင်းရဲ့အလုပ်ပြန်ချိန်ဟာ သာမန်နေ့တွေထက် ပိုပြီးတက်ကြွနေမိသည်။ ဒီနေ့ ကုမ္ပဏီတစ်ခုမှာ သူတို့အဖွဲ့ကုန်သွားချခဲ့ရသည်။ ထိုကုမ္ပဏီက နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တာကြောင့် သူတို့အဖွဲ့တစ်ဖွဲ့လုံး သာမာန်ကုန်တင်ကုန်ချရတဲ့ရက်တွေမှာရတဲ့ငွေထက် ပိုရသည်။

ရပ်ကွက်ထဲရောက်တော့ လင်းမုန်တိုင်းအကြောင်းကိုသိတဲ့ ရပ်ကွက်ထဲကလူတွေက တစ်ယောက်တစ်မျိုးနဲ့တွတ်ထိုးနေကြသလို တချို့ကလည်း ပြုံးပြုံးရွင်ရွင်သာ။ လင်းမုန်တိုင်းလည်း ပတ်ဝန်းကျင်ကလူတွေရဲ့စကားသံတွေကိုလျစ်လျူရှုပြီး မိမိရဲ့အိမ်ငယ်ကလေးဆီကိုသာ တန်းတန်းမတ်မတ်ဉီးတည်လိုက်သည်။

" ည ငါ ပြန်ရောက်ပြီ "

လင်းမုန်းတိုင်း အိမ်ထဲကိုမဝင်ခင်မှာပဲ ခြံအပေါက်ဝကနေ လူတစ်ယောက်ရဲ့နာမည်ကို ခေါ်လိုက်သည်။ သို့သော် အိမ်ထဲကနေပြန်ထူးသံကော အရိပ်အယောင်ကောဘာတစ်ခုမှတုံ့ပြန်ချင်းမရှိတာကြောင့် လင်းမုန်တိုင်းရဲ့ကြည်လင်နေတဲ့စိတ်အစုံဟာ နောက်ကျိသွားသည်။

" ည ညရေ ည! ဟာ "

လင်းမုန်တိုင်း ပြန်ထူးသံမပေးတဲ့ညလေပြေကြောင့် သော့ခတ်မထားတဲ့ အိမ်ပေါ်ကိုချက်ချင်းတက်ပြီး ညလေပြေကို လိုက်ရှာသည်။

အတိုင်းအထက် အလွန် / အတိုင်းအထက် အလွန်  [ Completed ]Donde viven las historias. Descúbrelo ahora