အပိုင်း ( ၂၃ ) / အပိုင္း ( ၂၃ )

748 30 2
                                    

Unicide
အပိုင်း ( ၂၃ )

နောက်တစ်နေ့ မနက်မိုးလင်းတော့ ညလေပြေနဲ့လင်းမုန်တိုင်းတို့စောစောထပြီး စျေးသွားကာ ဆွမ်းချိုင့်အတွက်ချက်ပြုတ်ရသည်။ ထို့နောက် နှစ်ယောက်စလုံးအင်္ကျီအဖြူလက်ရှည်စလစ်ကော်လံလေးနဲ့ယောပုဆိုးဇီးရောင်ဖြင့် နီးစပ်ရာဘုန်ကြီးကျောင်းတစ်ကျောင်းကိုသွားခဲ့ကြသည်။
ညလေပြေတို့ဘုန်းကြီးကျောင်းကိုရောက်တော့ အကိုမြင့်မိုးနောင်တို့မိသားစုသုံးယောက်ဖြင့်တွေ့သည်။

" အကိုမိုးဒီ "

" အော် ညီလေး လေပြေ ဆွမ်းချိုင့်လာပို့တာလား "

" ဟုတ် အကို မုန်တိုင်းအဖွားနဲ့သူ့မိဘတွေအတွက်လေ အကိုတို့ကရော "

" အကိုက အကို့အဖေနဲ့ကိုညီ့မိဘတွေအတွက် "

" အော် ဟုတ် "

ညလေပြေနဲ့မြင့်မိုးနောင်တို့ကသာ စကားပြောနေပေမဲ့ လင်းမုန်တိုင်းကတော့ ဘာမှဝင်မပြော ညလေပြေဘေးမှာသာ မတ်တပ်ကြီးရပ်နေသည်။ ညီညီနောင်က လင်းမုန်တိုင်း၏ပုံစံကြောင့် မြင့်မိုးနောင်၏ပခုံးကိုဖက်ကာ ဘုန်ကြီးကျောင်းပေါ်ကို အတင်းဆွဲခေါ်သွားသည်။

" မုန်တိုင်း လာ သွားရအောင် "

" အင်း "

ဘုန်းဘုန်းက သူတို့တွေကိုလောကီတရား၊လောကုတ္တရာတရားတို့ကို နာရီဝက်လောက်ဟော​ကြားပေးပြီးတဲ့နောက် ညလေပြေတို့အတွဲနဲ့မြင့်မိုးနောင်တို့အတွဲကိုကြည့်ကာ ခပ်ဖွဖွလေးပြုံးပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ ဆုံးမစကားများပြောသေးသည်။ မြင့်မိုးနောင်၏အမေက ဥပုဥ်နေ့မို့ သီလယူမည်ဖြစ်တာကြောင့် သူတို့လေးယောက်သာ ဘုန်းကြီးကျောင်းကနေ အတူတူပြန်လာခဲ့သည်။ ဘုန်းကြီးကျောင်းနဲ့သူတို့နေတဲ့နေရာတွေက သိပ်မဝေးတာမို့ သူတို့နှစ်တွဲစလုံး ခြေလျင်လျှောက်ခဲ့ကြသည်။

" ညီလေးလေပြေ အကိုပြောထားတဲ့ကိစ္စ စဥ်းစားပြီးပြီလား "

" ဟို ကိုညီ အဲ့တာကလေ မုန်တိုင်းနဲ့မတိုင်ပင်ရသေးဘူး "

" ဘာကိစ္စမို့လို့လဲ ည "

" ဟို ငါ အလုပ်လုပ်ဖို့လေ "

အတိုင်းအထက် အလွန် / အတိုင်းအထက် အလွန်  [ Completed ]Wo Geschichten leben. Entdecke jetzt