အပိုင်း ( ၁၁ ) / အပိုင္း ( ၁၁ )

712 31 0
                                    

Unicode
အပိုင်း ( ၁၁ )

ညလေပြေ မေမီမိုးနဲ့အတူတူကျောင်းခန်းထဲကထွက်လာတော့ မေမီမိုးတို့အိမ်က ကားမရောက်သေးပေ။ သို့သော် မေမီမိုးနားကိုရောက်လာတဲ့ ဝပ်ရှော့အင်္ကျီနဲ့လူတစ်ယောက်ကြောင့် ညလေပြေ သူတို့ကိုလာကြိုမှန်းသိလိုက်သည်။

" ညီမလေး ဆရာက ညီမလေးကိုလာကြိုခိုင်းလိုက်တာ "

" ဟုတ် သိတယ် အကိုသွားမယ်လေ လေပြေ ဒါ ငါ့အကိုဝမ်းကွဲ "

" ဟုတ်ကဲ့ အကို ကျွန်တော့်နာမည် ညလေပြေပါ "

" အင်း ညီလေး အကို့နာမည်က မိုးဒီ နာမည်အရင်းက မြင့်မိုးနောင် "

မေမီမိုးက သူ့အကိုဆိုသူနဲ့ညလေပြေကို မျက်နှာမှန်းတန်းမိအောင် မိတ်ဆက်ပေးသည်။

" လာ သွားရအောင် လေပြေ "

မေမီမိုးက ညလေပြေလက်ကိုဆွဲကာ ထိုလူ့နောက်ကနေလိုက်ရန်ပြင်လိုက်သည်။

" ဟို ညီမလေး ဒီကညီလေးညလေပြေက အခြားတစ်ယောက်နဲ့လိုက်ရမှာ အကိုက ဆိုင်ကယ်ကို လူသုံးယောက်ပိုးမမောင်းနိုင်ဘူး "

" ဟင် ဟုတ်လား "

အကိုမိုးဒီရဲ့စကားကြောင့် မေမီမိုးကတော့စိတ်ရှုပ်သွားသည်။ ထို့ထက် ညလေပြေကတော့ စောစောကတော်ပါသေးတယ်လို့ သူစိုးရိမ်ခဲ့တဲ့ကိစ္စကြီးက ပြန်ရောက်လာပြီဖြစ်တာကြောင့် တဖန်စိုးရိမ်စပြုလာသည်။

" ဟော ဟိုမှာ လာပြီး ငလင်း ဟေ့ယျောင် ဒီမှာ!! "

အကိုမိုးဒီက ကျောင်းသားကျောင်းသူတွေကြားထဲမှာဆိုင်ကယ်ကိုရပ်ပြီး သူ့ကိုရပ်ကြည့်နေတဲ့ လင်းမုန်တိုင်းကို ညလေပြေတွေ့လိုက်သည်။ လင်းမုန်တိုင်းကိုမြင်တာနဲ့ စောနကစိုးရိမ်လွန်နေတဲ့စိတ်အစုံဟာ ပို၍ပင်လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။

" ကဲ အဲ့တာဆို ညီလေး အကိုတို့သွားပြီ ငလင်းက ညီလေးအိမ်ကိုတန်းလိုက်ပို့ပေးလိမ့်မယ် "

" ဟုတ်ကဲ့ အကိုမိုးဒီ "

မေမီမိုးနဲ့အကိုမိုးဒီတို့ထွက်သွားတာနဲ့ လင်းမုန်တိုင်းက သူ့အနားကိုရောက်လာသည်။

အတိုင်းအထက် အလွန် / အတိုင်းအထက် အလွန်  [ Completed ]Donde viven las historias. Descúbrelo ahora