အပိုင်း-၃
စခရင်မ်ကို ကြည့်ရတာများလာတော့ ညောင်းကိုက်လာတဲ့မျက်လုံးတွေကိုတဖျတ်ဖျတ်ခတ်လိုက်သည်။အလုပ် လုပ်ရင်းတပ်နေကြဖြစ်သော ငွေကိုင်းမျက်မှန်လေးကိုတပ်လိုက်ပြီး သူ့ရဲ့လက်စအလုပ်ကိုပြန်ဆက်လိုက်သည်။
အလုပ်တွေပုံအောနေတာမဟုတ်တောင် သူကြိုးစားချင်သည်။တက်လမ်းတွေ အောင်မြင်မှုတွေဘေးခနဖယ်ထားရင်တောင် သူ့အတွက် အပြစ်လွတ်နိုင်မဲ့အကောင်းဆုံးသောအစီအစဥ်က အလုပ်ကြိုးစားချင်မို့လို့ပါပင်။တကယ်တော့ အလုပ်ထဲစိတ်ရောက်သွားခဲ့ရင် ဘေးပတ်ဝန်းကျင်ကလူတွေကို လျစ်လျူရှုနိုင်တာလည်းပါဝင်သည်။
ဖြစ်နိုင်လျှင် သူမည်သူနှင့်မျှ ပြုံးရယ်ပြသည့်ဆက်ဆံရေးကိုတောင်မလိုချင်ပေ။
"နေ့လယ်ရောက်နေပြီ ...ထမင်းမစားသေးဘူးလား "
ရင်းနှီးနေသောအသံနဲ့အတူ ဖြူသွယ်ပြီးရှည်လျားသောလက်တွေက သူ့ခုံပေါ်ကိုတစ်တောက်တောက်လာခေါက်သည်။စိတ်ကိုအဆင်သင့်ပြင်ကာ တစ်ချက်မော့ကြည့်မိတော့ နှုတ်ခမ်းတွေကိုတွန့်ချိုးပြီးပြုံးပြနေသူ။
ရှောင်းကျန့်သူ့မျက်စိရှေ့ကလူကိုကြည့်ပြီးသက်ပြင်းသဲ့သဲ့ချမိသည်။အကယ်၍ဒီနေရာမှာ ရပ်နေတဲ့လူကို သူ့နားကနေဝေးဝေးကိုဖယ်ထုတ်ပြစ်နိုင်မည့်နည်းလမ်းရှိလျှင်အရမ်းကောင်းမည်။ဒါပေမဲ့ ထိုသို့အရာကလည်းဖြစ်နိုင်ခြေနည်းပါးလွန်းနေတော့ သူသာလျှင်လက်လျော့ရတော့မည်။
"ထမင်းစားချိန်ပြီးဖို့ မိနစ်နှစ်ဆယ်လိုပါသေးတယ် MD "
"အဲ့တာပြောတာပေါ့ မိနစ်နှစ်ဆယ်ပဲကျန်တော့တာ...မင်းဘာလို့အခုထိမစားသေးတာလည်း "
တည်ငြိမ်ပြီး ဂရုစိုက်သံစွက်ကာပြောနေသည့်ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်တကယ်အ့ံသြရသည်။ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ဟန်ဆောင်ကောင်းရတာလည်း! တခြားလူမြင်ရင် ဝန်ထမ်းကိုအရမ်းဂရုစိုက်တတ်တဲ့ အလုပ်ရှင်လို့မြင်နေကြအုံးမယ်။
ရှောင်းကျန့်က သက်ပြင်းသဲ့သဲ့ချကာ သူ့ရဲ့မျက်မှန်ကိုချွတ်လိုက်သည်။လုပ်လက်စအလုပ်တွေကို ပိတ်သိမ်းလိုက်ကာ