အပိုင်း-၁၇
ရေအေးအေးတစ်ခွက်ကို ဖြေးဖြေးချင်းမော့ချလိုက်သည်။ဖြစ်ခဲ့ပြီးသားအတိတ်ကအကြောင်းရာတချို့ကို ပြန်ပြီးတွေးနေမိတယ်ဆိုကတည်းက သူတော်တော်လေးကို မိုက်မဲမိနေတာပဲ။ထိုအတွက်နဲ့ ကိုယ့်ကိုကို ထပ်ပြီး စိတ်ရှုပ်အောင် ဒုက္ခပေးနေမိလေတော့ ကောင်းတာဘာတစ်ခုမှဖြစ်မလာနိုင်။
"ထမင်းသွားစားတော့မလား "
ဝမ်ရိပေါ်ရဲ့အမေးစကားကို သူခေါင်းခါပြီးတုန့်ပြန်လိုက်သည်။
"တစ်နာရီထိုးတော့မယ်လေ သွားစားရအောင်"
"MD ဗိုက်ဆာနေပြီဆိုရင်လည်းရပါတယ် ၊ကျွန်တော်နောက်မှပြန်လာခဲ့လိုက်ပါမယ် "
ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ်က ထုံးစံအတိုင်းမျက်မှောင်ကြုတ်သည်။ဘယ်သူက တစ်ယောက်ထဲစားမယ်လို့ပြောလို့လည်း။အဲ့ဒီ့ ရှောင်းကျန့်က ဘာအတွက်ကြောင့် အဲ့လောက်ထိ ခေါင်းမာနေရတာလည်း။သူစိတ်မရှည်တော့လွန်းလို့ ဖြစ်ညှစ်ပြစ်လိုက်ချင်နေပြီ။
ဝမ်ရိပေါ်က ထိုအတွေးကိုတွေးမိပြီးသည့်အချိန်မှာတော့ သူ့ခေါင်းကို နှစ်ချက်လောက်ပြန်ပုတ်လိုက်မိသည်။သူက ရှောင်းကျန့်ကို ဖြစ်ညှစ်ပြစ်ချင်တယ်! ! !
ဘယ်လိုသောက်ကျိုးနဲ အတွေးကြီးလည်း?အခုတလော မူမမှန်ဖြစ်နေတာကတော့ ဟုတ်ပါပြီ။ဒါပေမဲ့ တည်ငြိမ်အောင်နေနေရင်းနဲ့ထထဖောက်လာတာကတော့ မဟုတ်သေးဘူးလေ။
"ခွင့်ပြုပါအုံး.."
သူ့အရှေ့ကနေ အသဲအသန်ပြေးဖို့ပြင်နေတဲ့လူရဲ့ ဝတ်ကြေတမ်းကြေ အသံကိုကြားမှ သူ သတိပြန်ချပ်လိုက်သည်။
"ခဏလေး "
ရှောင်းကျန့်က သက်ပြင်းတစ်ချက်ချလိုက်သည်။ဘာတွေထပ်ရစ်ဖို့ ကျန်နေသေးမှန်းမသိသော ဝမ်ရိပေါ်ကို သူ ရူတည်တည်နဲ့သာ ပြန်ကြည့်မိသည်။
ထို သက်ပြင်းချမှုကို သူမြင်လိုက်သည်။ထမင်းစားဖို့လေးကိုတောင် ထွက်ပြေးချင်နေတယ်ပေါ့လေ။ သူ့အနားမှာ နေနေတာက ဘာများစိတ်ရှုပ်စရာကောင်းနေလို့လည်း။
ရှောင်းကျန့်က ဟုတ်ကိုမဟုတ်တာ။