အပိုင်း-၈
ဆေးရုံဝန်းထဲကိုကားလေးထိုးရပ်လိုက်တာနဲ့တပြိုင်နက် ရှောင်းကျန့်က သွက်သွက်လေးဆင်းသွားသည်။ထိုအခြင်းအရာကို ဝမ်ရိပေါ်က လိုက်ကြည့်ရုံလေးပဲလိုက်ကြည့်နေနိုင်တယ်။အခုလက်ရှိမှာ ရှောင်းကျန့်က သူ့ကိုဂရုတောင်စိုက်မနေဘူးလေ။
ရှောင်းကျန့်ရဲ့အရင်ပုံစံက ေခါင်းကြောမာပေမဲ့လည်း ပြောရဆိုကအရမ်းလွယ်တယ်။နားမထောင်ချင်ရင်တောင် ပြီးပါလေ့ ဆိုတဲ့မျက်နှာထားနဲ့ သူ့ကိုအလျှော့ပေးခဲ့တာများတယ်။ဒါပေမဲ့ ပစ္စုပ္ပန်ကရှောင်းကျန့်ကတော့ ထိုအရာတွေရဲ့ဆန့်ကျင်ဘက်မှာပဲရှိနေတော့သည်။ကိုယ့်ကိုကိုပြောင်းလဲလိုက်တဲ့ပုံစံက အရမ်းကိုမှ ကောင်းလွန်းနေတာပါပဲ။
ဘာမှလုပ်စရာမရှိတော့တဲ့ဝမ်ရိပေါ်က ကားထဲမှာပဲ ဖုန်းကိုဟိုပွတ်ဒီပွတ်နဲ့လုပ်နေလိုက်တော့တယ်။အမှန်တော့ ရှောင်းကျန့် နဲ့အတူသွားကြည့်မယ့်မြေကွက်ကိစ္စကလည်း သူတစ်ယောက်ထဲနဲ့တင်အဆင်ပြေပါသည်။နေ့ဝက်ခွင့်ယူပြီး အရေးကြီးကိစ္စသွားမယ်ဆိုတဲ့လူရဲ့ ခွင့်စာကိုမြင်တော့ နည်းနည်းလောက်စိတ်အနှောင့်ယှက်ပေးလိုက်ချင်တာနဲ့ ပြောလိုက်တာ။သူ့ကို အကန်တွေကြီးပဲ ပြန်ပြောနေတဲ့လူကို ပညာလေးပေးချင်တာလည်းပါတာပေါ့။ဒါပေမဲ့အခုတော့ အလကားဖြစ်သွားတာပဲအဖတ်တင်တယ်။အရေးကြီးကိစ္စဆိုတာ အသိမိတ်ဆွေကို ဆေးရုံမှာသတင်းလာမေးတာလောက်လေးလား!
တီ တီ.....
ရုတ်တရက်ကြီး ဆက်တိုက်ဝင်လာတဲ့ notiသံကြောင့် သူဖုန်းကို ဖင်ပြန်ခေါင်းပြန်စစ်ဆေးလိုက်သည်။ငြိမ်သက်နေတဲ့ သူ့ရဲ့ဖုန်းထဲမှာတော့ ဘာnotification မှတက်လာချင်းမရှိ။တကယ်တော့ တရားခံကဘေးနားက lover seatမှာ ကျန်ခဲ့သည့်တစ်စုံတစ်ယောက်ရဲ့ဖုန်းဖြစ်သည်။လင်းလာသည့် screen ကိုကြည့်ရုံနဲ့သိလိုက်တာက စီမံကိန်းအတွက် သတိပေးစာတွေပဲဖြစ်လိမ့်မည်။မာနတစ်ခွဲသားကြီးနဲ့ ရှောင်းအကိုကြီးက အခုထိ စျေးပေါတဲ့တိုက်ခန်းကိုရှာလို့မတွေ့သေးဘူးနဲ့တူပါရဲ့........
♥♥♥♥♥♥♥♥
ရှောင်းကျန့်ဒီနေရာကို သုံးလေးခါထက်မနည်းလာဖူးနေပြီဖြစ်လို့ အထပ်တွေများတဲ့ဆေးရုံပေမဲ့လည်း လမ်းတွေကိုအကုန်လုံးနီးပါးမှတ်မိနေလေပြီ။ဓာတ်လှေကားထဲကိုဝင်ကာ နံပါတ်တစ်ခုကိုသူနှိပ်လိုက်သည်။တရွေ့ရွေ့တက်နေတဲ့ နံပါတ်တွေကိုကြည့်ရင်း သူ့ရင်ထဲမှာတင်းကျပ်လေးလံလာရသည်။