-၄-

744 75 5
                                    

အပိုင်း-၄

ပူနွေးနေတဲ့ကော်ဖီခွက်ကို စားပွဲပုလေးပေါ်ကို မငြင်မသာချလိုက်မိသည်။အဖြူရောင်ကော်ဖီခွက်လေးက ယုန်ရုပ်stikerလေးတွေကပ်ထားပြီး အနည်းငယ်တော့ချစ်စရာကောင်းနေလေသည်။

ရှောင်းကျန့် ရဲ့အိမ်ခန်းကအတော်လေးကျဥ်းသည်။အပြစ်အနာအဆာလည်းအတော်များသလို နံရံတွေကလည်းပါးသည့်ပုံပေ။အလုပ်ကလစာလည်းမနည်းပဲ ဘယ်လိုဖြစ်ပြီးဒီလောက်ထိစုတ်ပြတ်တဲ့နေရာမှာနေနေရတာလည်း။ဝမ်ရိပေါ် သူ့ရဲ့မျက်ခုံးတွေကို တွန့်ချိုးလိုက်သည်။မြင်ရ တွေ့ရတာ အဆင်မပြေလိုက်တာ။

"လစာနဲ့ ဒီနေရာထက်ကောင်းတာတော့ ငှားနိုင်နဲ့သားနဲ့ ဘာလို့ ဒီနေရာလည်း "

"မင်းကိစ္စမဟုတ်ပဲ မဆိုင်တာတွေကိုမပြောပါနဲ့လား ၊ ငါ အထက်လူကြီးကိုမရိုင်းပြချင်ဘူး "

အတင်းမရမက သူ့အိမ်ပေါ်ကိုလိုက်လာပြီး ဟိုဟိုဒီဒီဝေဖန်နေတဲ့ ဝမ်ရိပေါ်ကို သူတော်တော်မကြည်တော့ပေ။အစထဲကပြန်ဖို့ ပြောတာတောင် အိမ်ပေါ်ထိလိုက်ဖြစ်အောင်လိုက်လာသေးသည်။ ဒီနှစ်တွေအတောအတွင်း ဝမ်ရိပေါ်က မျက်နှာပြောင်တိုက်နည်းအဖြာဖြာကိုသင်ယူထားပုံပဲ သူဘယ်လောက်ပြောပြော မသိချင်​ယောင်ဆောင်ပြီး မျက်နှာလွှဲနေတယ်။ဘယ်လို ကောင်မှန်းမသိ။

"လုံးဝကြီးမသက်ဆိုင်တာတော့ မဟုတ်ဘူးလေ... ကိုယ့်ဝန်ထမ်းက ဒီလိုနေရာမျိုးမှာနေနေတယ်ဆိုတာကြီးက အကြီးအကဲတစ်ယောက်​ယောက်သာသိသွားခဲ့မယ်ဆိုရင် အရမ်းကို ဝမ်းနည်းစရာ ကောင်းမနေဘူးလား "

"အဲ့လောက်ထိ ဝမ်းနည်းနေရင်လည်း ဘာလို့ အိမ်တစ်လုံးလောက် ဝယ်မပေးလည်း "

"မင်း ဘယ်လိုပုံစံမျိုး ကိုသဘောကျလည်းဆိုတာကို ရွေးကြည့်လိုက်လေ "

အရမ်းကို ရောရက်နေတဲ့လူကို ရွဲ့ပြီးပြောတော့ လူကိုအတည်ပေါက်နဲ့ ပြန်ခနဲ့သည်။သူဘာလို့ အရမ်းစိတ်ရှုပ်စရာကောင်းနေရတာလည်း။ယခုလက်ရှိဝမ်ရိပေါ်ကို အရင်ကပုံစံသာမြင်သွားခဲ့ရင် ရှက်လွန်းလို့ ချောင်ကပ်ပြီးငိုနေရော့မည်။

Quite heart💞Where stories live. Discover now