အပိုင်း-၉
"အိမ်ရှာလို့လည်းအဆင်မပြေသေးဘူးမလား "
ရှောင်းကျန့်က ဘာမှမပြောပဲတိတ်ဆိတ်နေသည်။ယခုလက်ရှိသူ့မှာ ဖြစ်နေသမျှပြသနာတွေအကုန်လုံးကို ဝမ်ရိပေါ်က သိပြီးနေပြီဖြစ်တဲ့အတွက် သူ့မှာ အလျှင်အမြန်ဖုန်းကွယ်လိုက်ဖို့ တခြားကောင်းမွန်တဲ့နည်းလမ်းတစ်ခုလည်းထပ်မရှိတော့ပေ။
"အကယ်၍ အခုလောလောဆယ် နေစရာရှာလို့မရသေးရင် ***ဘက်မှာ ငါ့တိုက်ခန်းတစ်ခုရှိတယ်! မင်းပြောင်းနေလို့ရတယ် "
"မလိုပါဘူး "
စကားပြောတာတောင် သူ့ဘက်ကိုလှည့်မကြည့်တဲ့လူကြောင့် ဝမ်ရိပေါ်က အောင့်သက်သက်ဖြစ်သွားသည်။သူအခုချိန်ထိ ရှောင်းကျန့်စိတ်ဆိုးရာစိတ်ဆိုးကြောင်းဘာတစ်ခုမှမလုပ်မိသေးပါဘူး။အဲ့တာကိုဘာဖြစ်လို့ ရှောင်းကျန့်က သူ့ကိုစကားကောင်းကောင်းမပြောနိုင်သေးတာပါလိမ့်!
"ဘာဖြစ်လို့လည်း မင်းလည်းအခုထိ အခန်းရှာတွေ့သေးတာမှမဟုတ်တာ! စောစောကတောင် သတိပေးစာတွေအရမ်းဝင်နေတာမဟုတ်ဘူးလား၊ ဒီပုံအတိုင်းဆို သူတို့ပြောထားတဲ့ တစ်လဆိုတာက အေယာင်ပြသက်သက်ပဲနေမှာ ၊ ဒီအတောအတွင်းချက်ချင်းကြီးအိမ်ရှာလို့မရသေးရင် အဲ့ဒီတိုက်ခန်းမှာမင်းနေလို့ရပါတယ်ကွာ.... အကယ်၍ စိတ်မသန့်ရင်လည်း အရင်နေခဲ့တဲ့တိုက်ခန်းခပဲဖြစ်ဖြစ်ပေးပေါ့ "
သူ့အပေါ်ကို လိုအပ်တာထက်ပိုပြီးကောင်းပေးနေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်တကယ်စိတ်မကြည်တော့ပေ။သူ့ဆီက ဘာလိုချင်လို့လာပြီးကောင်းပြနေတာလည်း။သူ့ဆီမှာတန်ဖိုးကြီးကြီးမားမားပိုင်ဆိုင်တာဆိုလို့လည်း ဘာတစ်ခုမှမရှိပေ။တကယ်ပဲ အဲ့ဒီလူလိုချင်နေတာက ဘာလည်း!
"ငါ့အတွက်နဲ့မင်းခေါင်းရှုပ်ခံမနေပါနဲ့ ၊ပြီးတော့ စောစောကဆေးရုံမှာရှင်းပေးခဲ့တဲ့ ပိုက်ဆံတွေကိုလည်း မနက်ဖြန်မင်း အကောင့်ထဲကို ပြန်လွှဲပေးလိုက်မယ် "
"ရှောင်းကျန့်! "
လေသံမာမာနဲ့ခေါ်လာတာကြောင့် ဝမ်ရိပေါ်မျက်နှာကို လှည့်ကြည့်လိုက်မိသည်။မှုန်ကုပ်နေတဲ့ မျက်နှာကချောချောက ကားမောင်းတာကိုအာရုံမစိုက်ပဲ သူ့ဘက်ကိုမျက်နှာမူနေသည်။