အပိုင်း-၆
တစစနဲ့သည်းလာတဲ့ မိုးတွေက သူ့ခန္ဓာကိုယ်ကိုပါလာစင်သည်။ကားမှတ်တိုင်မှာရပ်နေတာ နာရီဝက်လောက် ရှိနေပေမဲ့လည်း အခုချိန်ထိကားက ရောက်မလာသေးဘူး။မိုးအရမ်းသည်းလို့ ပိုပြီးကြာနေတာဖြစ်မည်။ခေါင်တစ်ခုပဲရှိတဲ့ ကားမှတ်တိုင်မှာ မိုးစက်တွေက ဟိုဒီလွင့်ပြီးအထဲထိလာစင်နေကာ သူ့ရဲ့အောက်ပိုင်းတစ်ခုလုံးလည်းရွှဲနစ်နစ်ဖြစ်ခါနီးနေပြီ။
မိုးရာသီလည်းမဟုတ်ပါပဲ မိုးကလည်းအချိန်မဟုတ်အခါမဟုတ်! ဘယ်လောက်ထိတောင်စိတ်ပျက်စရာကောင်းလိုက်သလည်း။သူ ငယ်ငယ်ထဲကအမုန်းဆုံးက မိုးရွာတာကိုပဲ။တကယ်တော့မိုးရွာတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကိုမုန်းတာပါ။ဒါပေမဲ့ ဘယ်သူ့ကိုမှတုန့်ပြန်မှုတွေမပေးနိုင်တဲ့အခါ အရေးမပါတဲ့ ရာသီဥတုကိုပဲမုန်းပြစ်လိုက်နိုင်တာမျိုးပေါ့။
တီ...တီ....
ရုတ်ရက်ကြီး ရပ်လာတဲ့ကားအနက်ရောင်က မှတ်တိုင်အရှေ့မှာပိတ်ရပ်သည်။ပြီးတော့ ထိုကားရဲ့ပိုင်ရှင်ကိုလည်း သူအသေချာကြီးကိုသိနေသည်။ဘယ်လိုလုပ်ပြီး ဒီထိကိုရောက်လာရတာလည်း!
မှန်တံခါးက ဖြတ်ကနဲကျလာပြီး အထဲကလူက သူ့ကိုတစ်ခုခုလှမ်းပြောနေသည်။ကျယ်လောင်လွန်းလှတဲ့ မိုးသံကြောင့် သူဘာပြောနေလည်းဆိုတာကို ရှင်းရှင်းလင်းလင်းမကြားရ။ထို့ကြောင့် သူအကြောင်သားပဲရပ်နေမိသည်။ဒီအထိလာပြီး မိုးကြီးလေကြီးထဲမှာဘာကို အသဲအသန်လာပြောနေတာပါလည်း။
စိတ်မရှည်တော့သည့်အဆုံး ကားပေါ်က လူက မိုးထဲကို ထီးတစ်ချောင်းနဲ့ဆင်းလာသည်။ခြေလှမ်းကျဲကြီးတွေနဲ့ အနားကိုလှစ်ကနဲရောက်လာပြီး လက်တစ်ဖက်ကိုဆွဲကာ ကားထဲအတင်းထည့်တော့သည်။ကိုယ့်အတွေးနဲ့ကို ဖြစ်နေတာကို ရုတ်တရက်ကြီးမို့ သူကြောင်အ ကားထဲဘယ်လိုရောက်သွားလို့ရောက်သွားမှန်းမသိ။
ဝမ်ရိပေါ်က ကားပေါ်ကိုနှစ်ယောက်လုံးရောက်မှ မှန်တံခါးတွေပါပိတ်ပြီး air con ကိုနည်းနည်းလျှော့လိုက်သည်။နဂိုထဲကမိုးမိပြီး လက်ချောင်းလေးတွေက အစ ကတုန်ကယင်ဖြစ်နေသည်။ဒါတောင် ဘတ်စ်ကားကိုစောင့်နေတုန်း။ taxiခေါ်ပြီး ပြန်လိုက်ရင် ဘာဖြစ်မှာမို့လို့လည်း။အမြဲတန်း အခက်ခဲဖြစ်နေရင် ဘယ်လိုလွယ်လွယ်ဖြေရှင်းရမလည်းဆိုတာကိုမသိဘူး။လမ်းဖြောင့်တိုင်းကပဲသွားနေတာက ကောင်းတယ်လို့ထင်နေတာပဲလား။