-၁၂-

646 72 1
                                    

အပိုင်း -၁၂

ရှောင်းကျန့် အလုပ်ခန်းထဲကို စဝင်လိုက်တဲ့အချိန်မှာ လူတော်တော်များများမရောက်သေးပေ။နီးနေတဲ့နေရာကြောင့် အရင်ထက် နောက်ကျပြီးမှလာခဲ့တာတောင် စောနေတုန်းပဲ။

"ဟေးးးး "

ခေါ်သံကြောင့်သူလှည့်ကြည့်လိုက်မိသည်။မျက်နှာထားတည်တည်နဲ့ ရပ်​နေတဲ့ဝမ်ရိပေါ်က သူ့ကိုစိုက်ကြည့်လျှက်.....

"ဟုတ်ကဲ့.!"

"အစောကြီး ရောက်နေတာပဲ..... အတွင်းရေးမှူးလည်း ရောက်သေးတာမဟုတ်တော့ !နည်းနည်းလောက်ကူညီပေးပါအုံး "

တကယ်တော့ ထိုစကားကို ရှောင်းကျန့်ကသိပ်နားမလည်ပေ။ဝမ်ရိပေါ်ဆိုလိုချင်တာက သူ့ကိုအလုပ်တွေကူပေးဖို့တောင်းဆိုနေတာလား။နောက်ထပ် ဆယ့်ငါးမိနစ်လောက်နေရင်ပဲ ရောက်လာတော့မဲ့အတွင်းရေးမှူးကိုအကြောင်းပြပြီးတော့လေ!

"ကျွန်တော်နဲ့အစပ်ဆက်မရှိတဲ့အလုပ်ကို ဘယ်လိုလုပ်ပြီး! "

"လွယ်တာလောက်ပါပဲ..."

ကပ်ဖဲ့ပြီးပြောနေတာကြောင့် စောစောစီးစီး သူစိတ်အိုက်သွားရသည်။သူ့လိုမျိုးစောစောရောက်လာတဲ့ လူတစ်ယောက်စ နှစ်ယောက်စကလည်း ကွက်ကြည့်ကွက်ကြည့်!အတန်းဖော်တွေဆိုတဲ့ အကြောင်းပြချက်နဲ့ဘယ်သူမှ များများစားစားမတွေးကြပေမဲ့လည်း ဒါက ဘယ်လို အကျိုးအကြောင်းမဆီလျော်တာလည်းဆိုတာကို လူတိုင်းသိသည်။ဒါပေမဲ့ သူဆက်ငြင်းနေလည်း အဲ့ဒီ ဝမ်ရိပေါ်က တခြားနည်းလမ်းတစ်ခုကို ထပ်ပြီးသုံးအုံးမှာပင်။သူ ထပ်ပြီး ပြောမနေတော့ပဲ ဝမ်ရိပေါ် နောက်ကိုသာလိုက်သွားလိုက်တော့သည်။

"ရော့.... ဒီစာရင်းတွေကိုတိုက်ပြီးတော့ စစ်ပေး "

ရှောင်းကျန့်က ဝမ်ရိပေါ် ပေးတဲ့ စာအုပ်တွေကိုယူပြီး သွက်သွက်လက်လက်ပဲအလုပ်လုပ်ဖို့စတင်လိုက်သည်။
စာရင်းတွေက ရှုပ်ထွေးပြီး လိုအပ်ချက်များနေသည်။တစ်ချို့နေရာတွေမှာ ကွာဟနေပြီး ကိန်းဂဏန်းကလည်းတော်ရုံမဟုတ်ပေ။

"တစ်ခုခုပြသနာရှိလို့လား "

မျက်ခုံးတန်းလေးတွေ ကွေးညွတ်နေတဲ့ ရှောင်းကျန့်မျက်နှာကြောင့် ဝမ်ရိပေါ်က မေးလိုက်သည်။သူကိုယ်တိုင်လည်း မှားယွင်းနေတဲ့ စာရင်းတွေကြောင့် တော်တော်လေးကို စိတ်ရှုပ်လာရနေသေးကြောင့်ပင်။

Quite heart💞Where stories live. Discover now