Zawgyi ~~
ပုံတေအားလုံး crd ပါနော်Dalia ဟာ သူမရဲ့အလုပ်ကိစ္စတေပြီးတာနဲ့ အိမ်တော်ကိုပြန်လာခဲ့တယ် လမ်းလျှောက်ပြီးပေါ့ ။ လမ်းမလျှောက်လို့ဘယ်လိုသွားရမှာလဲ လာမပြောနဲ့ မသိသာအောင်လို့ဆိုပြီး ဒီအတိုင်းထွက်လာခဲ့တာ ။ Dalia ဟာလျှောက်နေရင်း ညဈေးလမ်းလေးတစ်ခုကိုတွေ့သွားခဲ့တယ် အခုသူမက သာမန်လူတန်းစားတေဘက်ရောက်နေပြီဆိုတော့ ညဈေးလမ်းလေးဟာ အလွန်စည်ကားလှတယ် ပွဲတော်ရှိနေတဲ့ပုံလိုမျိုးပေါ့ ဒါကြောင့်သူမဟာ
( ဟမ် ဘာလို့တော်တော်စည်ကားနေရတာလည်း ပွဲတော်များရှိလို့လား )
( ရှိတယ်လေ host သာမန်လူတန်းစားတေရဲ့ ပွဲတော်လေးတေထဲက တစ်ခုပါ host)
( အော် ဒါဆိုလည်း ဟင်းဟင်း အခွင့်အရေးကိုအလွတ်မခံသင့်ဘူးပေါ့ မုန့်ပတ်စားမယ်)
( host ပဲခုနကအသည်းအသန်ဖြစ်နေပြီးတော့ အခုကြတော့ပျော်ဖို့အချိန်ရသေးရဲ့လား)
( စိတ်မပူစမ်းပါနဲ့ system လေးရယ် ငါထွက်သွားတာဘယ်သူမှသိမှာတောင်မဟုတ်ဘူး ပြီးတော့ စစ်ပွဲလည်းမကြာခင်စတော့မှာမလား အဲ့အချိန်ရောက်ရင်ဒီလိုပွဲတော်မျိုးတေကမြင်ရတော့မှာတောင်မဟုတ်ဘူး)
( ဒါပင်မယ့် host ပုံကိုလူတေမှတ်မိသွားရင်ရော)
( ဘယ်သူက ငါ့ကိုသိလို့လည်း 🙂)
( . . . . . .အဲ့တာလည်းဟုတ်သား ဒါဆိုလည်း ဘေးကင်းပါစေ host သတိထားပြီးလည်းနေပါအုန်း) 😐
( အေးပါ အေးပါ သွားသွား) 😒
Dalia ဟာ system ကို နှင်ထုတ်လိုက်ပြီးတာတဲ့ ညဈေးလမ်းလေးကို သွားလိုက်တယ် ထိုနေရာမှာတော့ အသားကင်တေ စားစရာတေ စုံလင်လှတယ် သူမဒီကမ္ဘာရောက်ထဲက စားကောင်းသောက်ဖွယ်တေမရိုးအောင်စားရတယ်ဆိုပင်မယ့် ဒီလိုဟာလေးတေကတော့ပုံစံတစ်မျိုးပေါ့ ။ Dalia ဟာ ဈေးတန်းထဲမှာ ရှိရှိသမျှမုန့်တေအကုန်လုံးကို ပတ်စားလိုက်တယ် သူမအတွက်ဒီလိုလွတ်လွတ်လပ်လပ်နေရတယ်ဆိုတာရှားတယ်လေ Dalia ဟာသူမရဲ့ လက်အပြည့်စားစရာတေသယ်ထားရင်းနဲ့ ပဲ သူမsystem လေးသတိပေးသလို ဖြစ်လာခဲ့တယ် ထိုသူကတော့ Martin ပါပဲ Dalia သူ့ကိုတွေ့တာနဲ့ စိတ်ထဲကနေတိတ်တဆိတ် ကျိန်ဆဲလိုက်လေတယ် ။
![](https://img.wattpad.com/cover/319204406-288-k167314.jpg)
YOU ARE READING
I hate Gong( It's not truth) but Gong is love me? really?( IHG)
Fantasyanother description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်းဟိုတစ်စဒီတစ်စ system ရဲ့ mission တေကိုလုပ်ဆောင်ဖို့တာဝန်ရှိကာ shou လေးတေကိုကယ်ပေးရမယ့်အဓိကတာဝန်ကို...