1.24 Arc.1 end

86 6 0
                                    

Zawgyi ~~

Dalia ဟာ Luna ကို ပွေ့ဖက်လိုက်တယ် Luna ဆိုတဲ့ မိန်းကလေး ကအရင် Dalia ရဲ့ သူငယ်ချင်းဖြစ်ပြီးတော့ သူမရဲ့ ယောင်းမလောင်းလေးလည်းဖြစ်တယ်လေ ဟုတ်ပါတယ် Luna ဟာ Martin ရဲ့ ညီမဖြစ်ပြီး မင်းသမီးတစ်ပါးပါ ဇာတ်လမ်းထဲမှာတော့ Martin ကို gong ဆီကကယ်ဖို့ အရင် Dalia နဲ့ပူးပေါင်းရင်း သေဆုံးသွားတဲ့ဇာတ်ကောင်လေးပေါ့ မူလခန္ဓာကိုယ်ပိုင်ရှင်ဟာ Luna ကိုညီမလေးတစ်ယောက်လိုသိပ်ချစ်တဲ့အပြင် ဖူးဖူးမုတ်ထားတယ် ဒါပင်မယ့် သူဒီ ခန္ဓာကိုယ် ထဲဝင်ထဲက သူမနဲ့မတွေ့ရသေးတာကိုတော့ မပြောတော့ဘူး သူ့မှာ ကအလုပ်ရှုပ်တယ်လေ အရင် Dalia နဲ့ Luna ကလည်းတစ်ခါတစ်လေ မှတွေ့ဖြစ်ကြတာဆိုတော့ OOC ဖြစ်မှာကိုရှောင်နိုင်သွားတာကံကောင်းတယ် ။
Dalia ဟာ Luna ကိုကြည့်ရင်း

" မတွေ့ရတာကြာပြီနော် Luna "

" ဟွန့် ငါ့ကိုတော့သတိရသေးတယ်ပေါ့ Daliaက ငါ့ကိုလာတောင်မတွေ့ဘူး "

" haha မဟုတ်ရပါဘူး ငါလည်းအခုတစ်လောအလုပ်တေတော်တော်ရှုပ်နေလို့ နန်းတွင်းထဲ ဝင်ဖို့ မအားတာနဲ့နင့်ဆီမလာဖြစ်ဖူးဖြစ်နေတာပါ "

" ဟင်းးးးအင်းပါ သတင်းတေလည်းကြားမိတယ် ဉီလေးရောနေကောင်းရဲ့လား "

" ဘာပဲဖြစ်ဖြစ် အဆင်ပြေသေးတယ်လို့တော့ပြောလို့ရတယ် "

" ဟုတ်လား အမြန်ဆုံးနေကောင်းဖို့တော့မျှော်လင့်တယ်ရယ် ဒါဆို လက်ဖက်ရည်တစ်ခွက်လောက်တော့သောက်ဖို့အားပါတယ်နော် Almacia ခေါင်းဆောင် ရှင့် "

" အင်းအားပါတယ် "

Dalia နဲ့ Luna ဟာ ဖန်လုံအိမ်လေးထဲ မှာထိုင်နေကြပြီး ရယ်ရယ်မောမောနဲ့အရင်ကအကြောင်းတေကို
ပြောနေကြတယ် ။ Luna ကတော့တိုင်ခံပြောနေပြီးတော့ Dalia ကတော့တိတ်ဆိတ်စွာပဲနားထောင်နေပြီးတစ်ချက်တစ်ချက်ရယ်နေခဲ့တယ် ။ Dalia ရဲ့ character ကနဂိုထဲက တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ပုံဖြစ်တဲ့အတွက်ကြောင့် အခု Dalia အနေနဲ့ဘာမှအားစိုက်ထုတ်စရာမလိုပေ အင်းးသူ့ရဲ့ ရွှတ်နောက်နောက် style ကိုတော့ထိန်းရတာပေါ့ ။
သူမတို့နှစ်ယောက်စကားပြောနေရင်း အချိန်ဟာတော်တော်ကုန်သွားခဲ့ပြီဖြစ်တယ် ဒါကြောင့် Dalia ဟာပြန်ဖို့ပြင်ဆင်လိုက်ပြီး
သူမဟာ တစ်ခုခုကိုသတိရတဲ့ပုံနဲ့ Luna ဘက်ကိုလှည့်လိုက်တယ် နောက်တော့သူမမသွားခင် ပြောသွားခဲ့တဲ့စကားဟာlunaတစ်သက်လုံးမှတ်ထားမိတဲ့စကားပေါ့ သူမပြောခဲ့တာက
' Luna အကယ်၍ နင်လုပ်ချင်တဲ့အိမ်မက်တစ်ခုခုကို ရှာတွေ့ခဲ့ရင် ဘယ်သူဘာပြောပြောငါအားပေးနေပါ့မယ် '

I hate Gong( It's not truth) but Gong is love me? really?( IHG)Where stories live. Discover now