1.23

76 6 2
                                    

Zawgyi ~~
Dalia နဲ့ Ray ရဲ့တိုက်ပွဲပြီးတာ၁၀ ရက်တောင်ရှိသွားပြီဖြစ်တယ် ဟုတ်တာပေါ့၁၀ ရက် ထို ရက်တေအတွင်းမှာ တော်တော်များများ ဖြစ်ပျက် ခဲ့တာပေ Ray ထွက်သွားတဲ့အချိန်ကစပြီး Demon တေက ပိုထကြွလာကြပြီး အခုဆို အင်ပါယာမှာ ရှိသမျှပြည်သူတေဟာ ကြောက်ရွံ့တုန်လှုပ်နေကြပြီးဖြစ်တယ် noble တေအပါအဝင်ပေါ့ သူတို့ထဲက တစ်ချို့ဆို အခြားနိုင်ငံကိုထွက်ပြေးတာတေတောင်ရှိနေကြပြီဖြစ်လို့ Felix လည်းအလုပ်တေပိုရှုပ်လာသလို အခု သူမပါ ရှုပ်ခဲ့တယ်။
...............
နောက်ကြောင်းပြန်ခြင်း

Dalia ဟာ သူမရဲ့ system နဲ့စကားပြောနေတဲ့အချိန်မှာပဲ အစောင့်တပ်သားတေအပါအဝင် သူမရဲ့ အဖေပါအလောတကြီးဝင်လာခဲ့တာတွေ့တယ် Felix ဟာ Dalia ကိုတွေ့တော့အလွန်အံသြ သွားပုံပေါ်ပြီး သူမဆီကို ပြေးတယ်မဆိုရုံလောက်အရှိုန်နဲ့ လျှောက်လာခဲ့တယ် ။

" Dalia သမီးအဆင်ပြေရဲ့လား "လို့စိုးရိပ်တကြီးမေးနေပြီး တစ်ချိန်ထဲမှာ ပဲ သူမကိုစိတ်ပူတဲ့အကြည့်တေနဲ့ကြည့်နေခဲ့တယ် ။

Dalia:" သမီးအဆင်ပြေပါတယ် ပါပါး ဒါပင်မယ့် "
Dalia ဟာထိုနေရာမှာပဲစကားစဖြတ်ပြီး သူမအဖေကိုကြည့်လိုက်တယ် Felix ကတော့ သူ့သမီးဆီကသူခံစားရတဲ့ စွမ်းအင် တေကိုကြည့်ပြီး ငြိမ်နေခဲ့တယ် ။ဒါကြောင့် Dalia ဟာ

" ပါပါး သမီးတကယ်တမင်သတ်သတ်ဖုံးကွယ်ထားတာ မဟုတ်ရပါဘူး သမီးလည်းအခုတစ်လောမှသိတာရယ် "

ဆိုပြီး အလောတကြီး ရှင်းပြနေခဲ့တယ် ။ Felix ဟာ ခနလောက်တိတ်သွားကာ

" ဒါဆို သမီးလေး ပြောင်းလဲသွားတာဒါ့ကြောင့်ကို " ဆိုပြီး သက်ပြင်းချနေခဲ့တယ် ။

Dalia ဟာ သူမအဖေကို
"ဒါက နောက်မှအသေးစိတ်ပြန်ရှင်းပြမှာမလို့ အဖေခဏလောက်စောင့်နေပေးလို့ရမလား "
လို့ ပြောပြီး သူမရဲ့ပေပွနေတဲ့ ဝတ်စုံကို Felix မြင်အောင်ပြလိုက်တယ် ။

Felix: " ဒါဆိုလည်း ပါပါးစောင့်နေပါ့မယ် ဒါပင်မယ့် သေချာတော့ ရှင်းပြရမယ်နော် ဖေ့သမီးလေးက "

Dalia: " ဟုတ် ပါပါး "
လို့ပြောပြီး သူမဟာ ထွက်သွားတော့တယ် ကျန်နေခဲ့တဲ့ Felix ကတော့ သူဘေးမှာရှိတဲ့ အစောင့်တေကို ဒီနေရာ ကို စောင့်ကြည့်ဖို့အမိန့်ပေးပြီး သူ့အခန်းဆီသာပြန်သွားခဲ့တယ်

I hate Gong( It's not truth) but Gong is love me? really?( IHG)Where stories live. Discover now