1.14

72 6 0
                                    

Zawgyi ~~

Dalia ဟာ Jardine ကို သူမနောက်လိုက်ခိုင်းခဲ့တယ် သူတို့ နှစ်ယောက်ဟာ တစ်လမ်းစီသွားမှာဖြစ် ပြီး Dalia ဟာ သူ့ကို လိပ်စာတစ်ခုကိုပေးလိုက်တယ် ။ သူမကတာ့ ရထားလုံးစီပြန်လာလိုက်ပြီး နဂိုမူလဉီးတည်ချက်ကို သွားလိုက်တယ်။
Dalia ဟာ အဝတ်ဆိုင်တစ်ခုကိုသွားလိုက်တယ် ထိုဆိုင်ဟာ noble တေကြားထဲမှာရေပန်းစားနေတာ ဖြစ်တယ် ။
Dalia ဟာ ထိုဆိုင်ကို ရောက်တာနဲ့ ရထားလုံးပေါ်မှဆင်းလိုက်တယ် သူမဆိုင်ထဲဝင်လာတာနဲ့ ဧည့်ကြိုတစ်ယောက်ဟာ ထွက်လာပြီး သူမကိုလမ်းပြပေးတယ် ။
ထိုဆိုင်ဟာ သူမရဲ့ အပိုင်လို့ပြောလို့ရတာဖြစ်တယ် ဒါဟာ သူမရဲ့လက်ထောက် ပြောရရင် အရင် မြို့အရှင်က ဖွင့်ထားခဲ့တာဖြစ်လို့ အခုမြို့အရှင်ဖြစ်တဲ့သူ အပိုင်တေထဲကို ပါသွားတယ် ။
Dalia ကို ဧည့်ကြိုဟာ VIP အခန်းကို ခေါ်သွားတယ် ထိုဆိုင်က VIP ခန်းတေဟာ သီးခြားစီ ရှိတာဖြစ်ပြီး လူသူကင်းလှတယ် ။ Dalia အခန်းထဲရောက်တာနဲ့ Fox ဟာကြိုစောင့်နေပြီ ဖြစ်တယ် ။သူမဟာ ထိုနေရာရဲ့ ဆိုဖာ ပေါ်ကို ခြေပစ်လက်ပစ် ထိုင်ပစ်လိုက်တယ် ။နောက်တော့

" ကျွန်ဈေးရဲ့ ကိစ္စကို ဘယ်လိုလုပ်လိုက်ပြီ လဲဟင် "

" အဲ့ဒီ ကိစ္စ ကိုတော့ဖြေရှင်းပြီးသွားပါပြီ တစ်ယောက်မှ မကျန်အပြတ်ရှင်းလိုက်တဲ့အပြင် အပြစ်မရှိတဲ့သူတေကို တော့ ခေါင်းဆောင် ပြောတဲ့အတိုင်းလွတ်ပေးလိုက်ပါတယ် ပြီးတော့ "

Fox ဟာပြောဖို့ စကားကြောရှည်တော့ Dalia ဟာ စိတ်မရှည်တော့ပေ ။

" ငါ အဲ့ဒီ ကိစ္စ ကိုသိချင်တာမဟုတ်မှန်း နင်သိပါတယ် "

" ဟုတ် ကျွန်ဈေးကို ဖျက်စီးပြီးသွားတဲ့ အချိန်မှာ empire ရဲ့ knight တေရောက်လာပါတယ် ခေါင်းဆောင် ခန့်မှန်းမိတယ့်အတိုင်း "

" ဟား နောက်ဆုံးတော့ လိုရင်းရောက်ပြီပေါ့ ဆိုတော့ သက်သေမကျန်ခဲ့ဘူး မလား "

" သက်သေမကျန်အောင်လုပ်ထား ပါတယ် အဲ့အပိုင်းကို ခေါင်းဆောင်စိတ်ပူစရာ မလိုပါဘူး ဒါပင်မယ့် "

Dalia ဟာ Fox ပြောမဲ့ စကားကို သိချင်တာကြောင့် သူမရဲ့ ပျင်းရိနေတဲ့ ထိုင်ပုံကို ပြင်လိုက်တယ် ။

I hate Gong( It's not truth) but Gong is love me? really?( IHG)Where stories live. Discover now