2.16

61 3 0
                                    

Zawgyi.........

liam ဖိတ်စာကိုသေချာဖတ်ကြည့်လိုက်တော့နောက်(2 လ )ကုန်မှကျင်းပမှာပေထိုအချိန်အတွင်းသူလုပ်စရာရှိတာတေလုပ်ရမည်ဟု တွေးလိုက်ကာ ဖုန်းကိုပိတ်လိုက်ပြီး သူ့အတွက်ပြင်ဆင်ပေးထားတဲ့အခန်းဆီသို့သွားလိုက်၏။ နောက်တော့ မိနစ်အနည်းငယ်လောက် company မှစာရွက်စာတန်းတေကိုကြည့်နေလိုက်ပြီး ပင်ပန်းလာတဲ့အတွက် အိပ်ချင်သလိုလိုဖြစ်လာတာကြောင့် liam အိပ်ယာပေါ်သို့လှဲလိုက်သည်။

( ရှောင်ပေါင်ရေ.)

( ဟုတ် host)

( နင်ငါ့ကို target တေရဲ့.......ခေါ.....~~~)

( အယ်. host ....host ......အိပ်ပျော်သွားပြီ)
liam ဟာတော့ သူ့ရှောင်ပေါင်ကိုခိုင်းစရာရှိလို့စကားတောင်မဆုံးသေး ပင်ပန်းလွန်ပြီး အိပ်ပျော်သွားပေသည်။ ရှောင်ပေါင်လည်း သူ့ host ဘာကိုခိုင်းလောက်လည်းသေချာမသိပင်မယ့် သူ့ host ပင်ပန်းနေပြီဆိုပြီး တိုးတိုးတိတ်တိတ်သာ ထွက်လာလိုက်တယ်။
.
.
.
.

မနက်ခင်းနေရောင်ခြည်ကြောင့် liam မကျေမနပ်ဖြင့်နိုးလာပြီး မျက်နှာသစ်ပြင်ဆင်ကာအောက်ဆင်းလာခဲ့၏။ သူဆင်းလာရင်း ပြင်ဆင်နေကြတဲ့အစေခံတေကိုလျစ်လျူရှုကာ Cedric ကိုရှာလိုက်တော့အိမ်ဉယျာဉ်အသေးစားလေးမှာထိုင်နေတာကိုတွေ့လိုက်ရတာကြောင့် ထိုကောင်လေးဆီလျှောက်သွားလိုက်သည်။

" ဒီမှာထိုင်နေတာမအေးဘူးလား "
သူပြောလည်းပြောရင်း သူ့ရဲ့အနွေးအပေါ်ထပ်ကိုချွတ်ကာ ဇာတ်လိုက် shou လေးဆီခြုံပေးလိုက်တော့

" ရ.ရပါတယ် အဲ့လောက်ကြီးလည်းမအေးပါဘူး "

" ဒါမဲ့ လည်းမသိနိုင်ဘူးမလို့ ခြုံထားလိုက်ကိုယ်ကအဆင်ပြေတယ် "
သူခြုံပေးထားတဲ့အနွေးထည်ပြန်ချွတ်ပေးနေတဲ့ Cedric ကိုတားလိုက်ပြီး သေချာပြန်ဝတ်ပေးလိုက်ပင်မယ့် ဆိုဒ်ကွာခြားမှုကြောင့်ကလေးကလူကြီးအကျီဝတ်ထားသလိုချစ်စရာဖြစ်နေလေပြီ။

( ငါ့နဲ့ ချစ်စရာလေးတော်)
liam စိတ်ထဲကနေတွေးလိုက်ရင်း Cedric ခေါင်းကိုဖွပေးလိုက်ကာ

" ဗိုက်ဆာနေပြီလား? "
လို့မေးလိုက်တော့ ခေါင်းငြိမ့်ပြလာတဲ့ကောင်လေးကြောင့်ထမင်းစားခန်းတွင်းသို့ခေါ်လာပေးလိုက်သည်။
.
.
.
ထိုလိုပုံစံနဲ့ပဲ liam ဟာ နှစ်လ လုံးလုံး Cedric ကိုမြုစွယ်ရတာကတစ်ဖက် ၊ company အလုပ်တစ်ဖက် ၊ gong ကို check နေရတာကတစ်ဖက်၊ မြေခွေးအိုကြီးတေနဲ့အချင်းချင်ရန်လိုနေရပြီး သူ့ရာထူးကိုပိုတည်မြဲအောင်လုပ်နေရတာတေနဲ့ အားလပ်သည့်အချိန်ကိုမရှိပေ တစ်ခါတစ်လေတော့ဖြင့် သူ့ system ရှောင်ပေါင်လေးကိုထိုင်ရစ်သည်ပေါ့။ ဒီလိုနှင့် ပွဲနေ့ကိုရောက်သွားလေပြီ အခု liam ဟာတော့ Cedric နဲ့အတူ ပွဲတက်ဝတ်စုံတေချုပ်တဲ့အထည်ဆိုင်ကိုရောက်နေတာဖြစ်ပြီးသူကတော့ Cedric ကိုထိုင်စောင့်နေရသည်။ ဟုတ်ပါတယ်နားကြားမှားတာမဟုတ်ပဲ သူနဲ့ Cedric ရဲ့ဆက်ဆံရေးကိုမသိသူမရှိတဲ့အထိကိုဒီလအတောအတွင်းတိုးတက်လာတာလေ။ ပွဲအတွက် ပါတနာအနေနဲ့ သူကိုယ်တိုင် Cedric ကိုတောင်းဆိုထားတာမလို့ ထိုကောင်လေးကလက်ခံသည် သူတို့နှစ်ယောက်ရဲ့အဆင့်ကတော့ နမ်း ရုံအဆင့်လောက်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် သမီးရည်းစားတေထက်ပိုဆိုးတယ်။ ( မျက်ရည်တေဖြင့် လဲနေ သော liam
[ __ ] )
.

I hate Gong( It's not truth) but Gong is love me? really?( IHG)Where stories live. Discover now