Zawgyi ......
" ကိုယ် ပြန်လာ ' အင့် ' "
သူ့စကားတောင်မဆုံးသေးအပြေးလာကာရင်ခွင်ထဲတိုးဝင်တဲ့အကောင်ပေါက်လေးကြောင့် ' အင့် ' တစ်ချက်တောင်မြည်သွားပေတယ် ။နောက်တော့ တိုးလျှလှတဲ့အသံလေးနဲ့" ပြန်လာပြီလား "
တဲ့" haha " သူလည်း ရယ်လိုက်ပြီးအကောင်ပေါက်လေးရဲ့ခေါင်းကိုပုတ်ပေးဖို့ပြင်လိုက်ပင်မယ့် သူ့လက်မှသွေးတေကိုမြင်လိုက်ရတော့တန့်သွားပေသည် ။သူ သူ့ရဲ့အခန်းဆီကို အပြေးတပိုင်း နှင်လာသောကြောင့် သူကိုယ်လက်သန့်စင်ဖို့မေ့သွားတာပေ ။ ဒါ့ကြောင့် ဖက်တွယ်နေတဲ့ကောင်လေးကို ခနဖယ်ပြီး
" ကိုယ်မရှိတဲ့အတောအတွင်းအဆင်ပြေရဲ့လား "
" ( ခေါင်းငြိမ့်)"
" ကိုယ်ရေချိုးလိုက်အုန်းမယ် ခနစောင့်နေနော် "
" အွန်း "
သူပြောပြီးတာနှင့် သန့်စင်ခန်းထဲဝင်လိုက်ပြီးဆေးကြောလိုက်ကာ ပြန်ထွက်လာတော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ Cedric ကိုတွေ့လိုက်ရသည် ဒီတစ်နေ့လုံးထိုကောင်လေးအလွန်ပင်ပန်းထားသည်လေ ။ဒါမဲ့
ဇာတ်လိုက် shou ဆိုတဲ့အတိုင်း အိပ်ပျော်နေတာတောင်နတ်သားလေးအတိုင်းပဲ ။
သူလည်း တစ်ချက်ပြုံးလိုက်ပြီး shou လေးအနားသွားကာစောင်သေချာခြုံပေးလိုက်ပြီးထွက်ခဲ့ဖို့လုပ်ပင်မယ့် သူ့ရဲ့အကျီကိုအတင်းကိုင်ထားသောကြောင့် shou လေးရဲ့ဘေးမှာသာဝင်လဲလိုက်ရပေသည်။နောက်တော့မျက်လုံးမှိတ်လိုက်ပြီး ရှောင်ပေါင်ကိုခေါ်လိုက်၏။( ဟွေ့ရှောင်ပေါင်)
သူခေါ်တာနှင့်တစ်ဖက်ကလည်းချက်ချင်းပြန်ထူးပေတယ်။( ဘာဖြစ်လို့လဲ host...)
အသံကတော်တော်ပျင်းရိနေပုံပေါက်တာကတော့တစ်ပိုင်းပေါ့။
( အင်း ငါ့ကိုမူရင်းဇာတ်ကြောင်းအပြည့်အစုံပြောပြပါလား ရှောင်ပေါင်)
( ဘာလို့ ပြောပြရမှာလည်းကိုယ့်ဘာသာဖတ်ပေါ့)
သူ့ကိုဘုကလန်တိုက်နေတဲ့ system ကြောင့် liam ခနကြောင်သွားပေသည်။
' မဟုတ်မှ ထပ်စိတ်ဆိုးနေတာလား ? '
ESTÁS LEYENDO
I hate Gong( It's not truth) but Gong is love me? really?( IHG)
Fantasíaanother description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်းဟိုတစ်စဒီတစ်စ system ရဲ့ mission တေကိုလုပ်ဆောင်ဖို့တာဝန်ရှိကာ shou လေးတေကိုကယ်ပေးရမယ့်အဓိကတာဝန်ကို...