2.1

78 5 0
                                    

Zawgyi ~
သူဟာအခုအချိန်မှာဘာစကားမှမပြောနိုင်တော့အောင်ကြောင်နေမိတာဖြစ်တယ် ဟုတ်ပါတယ် သူကတော့ အရင်က Dalia ဖြစ်ဖူးတဲ့သူပါ အခုရောက်နေတဲ့ သူ့ ကိုယ် ကိုစမ်းကြည့်ကြည့်ရင်းပြောမိတာကတစ်ခုတည်း

" shit "
( ဘာတေလည်း ငါဘယ်ရောက်နေတာလည်း ငါဘယ်သူလည်း ငါအခု ဘယ်သူ့ကိုယ်ထဲရောက်နေတာလည်း ယောကျာ်း ကိုယ်ထဲလား OMG Wtf တကယ်ကြီးလား)

သူအတွေးများနေတဲ့အချိန်မှာ အလိုက်ကန်းဆိုးမသိတဲ့ရှောင်ပေါင်က

( ဒါဆို host ကိုမူလကိုယ်ရဲ့ မှတ်ဉာဏ် တေလွဲပြောင်းပေးပါ့မယ်)
လို့ပြောလိုက်တယ် ဒါကြောင့် သူဟာ သူ့ရဲ့အလိုက်ကန်းဆိုးမသိတဲ့ရှောင်ပေါင်ကို

( နင်က ရှင်းပြမှာမဟုတ်ဘူးလား)

( အရင်က ပထမ ကမ္ဘာမလို့ပါအခုကတော့ .....ကိုယ့်ဘာသာကိုယ်ကြည့်)

လို့ပြောပြီးတာနဲ့ သူ့ကိုယ်ထဲကို ဝင်လာတဲ့မှတ်ဉာဏ်တေ အဲ့တာကို သူ့စီစစ်နေတုန်း

( အဆင်ပြေရဲ့လား host)

( ဟမ် ဘာကိုလည်း)

( အဟမ်းးသူများ host တေဆို ကမ္ဘာကူးပြောင်းတဲ့အချိန်ရယ် မှတ်ဉာဏ်လက်ခံတဲ့အချိန်ရယ် ဆို ခေါင်းအသေကိုက်တာမျိုးမူးတာမျိုးရှိတယ်ဆိုလို့ပါ)

( ဟမ်...နင်ကငါ့ကိုစိတ်ပူလို့လား ရှောင်ပေါင်...)

( မဟုတ်ပါဘူး host ကရှောင်ပေါင် တာဝန်ယူထားတဲ့ လူမို့လို့ပါ နော်)

( အေးပါအေးပါ)

လို့ရှောင်ပေါင်ကိုပြန်ပြောပြီး ဝင်လာတဲ့ သူ့မှတ်ဉာဏ်တေကို ပြန်စီစစ်နေလိုက်တယ် ။
သူ့အခုရောက်နေတဲ့ ခန္ဓာကိုယ်နာမည်က Liam သူဟာ ရဲတပ်ဖွဲ့က ရာထူးကြီး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး Alpha တိုင်းလေးစားရတဲ့သူကြီးပေါ့ Omega အပါအဝင် Beta တေရဲ့ စိတ်ကူး type ကြီးဆိုလဲ မမှားပေ ။
သူ့ကို လူတေဟာ Dominant Alpha လို့ထင်ကြပြီး ရဲတပ်ဖွဲ့အပြင် စစ်တပ်ဖက်မှာ ပါ အာဏာရှိတဲ့လူတစ်ယောက်လို့သာသိထားကြတာဖြစ်တယ် ။

တကယ်တော့ သူဟာ Queen omega ဖြစ်တဲ့အပြင် ဇာတ်လိုက် gong ရဲ့ ရန်သူဖြစ်တဲ့ K company ရဲ့ တစ်ဉီးတည်းသောဆက်ခံသူလည်းဖြစ်တယ် ။ အရင်မူလကိုယ် Liam ဟာ ကိုယ်အားကိုယ်ကိုးတဲ့အပြင် တရားမျှတတဲ့လူဖြစ်တာကြောင့် အမှောင်ဘက်နည်းနည်းရောက်တဲ့ သူမိသားစုရဲ့ အမွေကို မဆက်ခံ ချင်ခဲ့ပေ သူ့မိဘတေကိုမမုန်းဘူးဆိုပင်မယ့်ပေါ့ ဒါကြောင့် သူဟာ မိဘတေနဲ့ အတိုက်အခံလုပ်ပြီး ရဲအဖြစ်သင်တန်းဆင်းတယ် သူ့မိဘနှစ်ပါးဟာပထမက လက်မခံပင်မယ့် နောက်တော့လက်ခံလိုက်ကြတယ် သူတို့မှာ ဒီသားလေးပဲရှိတာကို ပြီးတော့ Liam ရဲ့မိဘနှစ်ပါးလုံးဟာ Alpha တေပဲဖြစ်တဲ့အတွက် စည်းကမ်းကြီးကြတယ် ဒါကြောင့် Liamဟာအတိုက်အခိုက်နဲ့ပတ်သတ်ရင်တဖက်ကန်းတက်တာမလို့ omega ဖြစ်လည်းစိတ်မပူပဲအမြဲလွတ်ပေးထားခဲ့တယ် ။Liam ဟာ စစ်သင်တန်းစဆင်းတဲ့အချိန်မှာပဲ လူတိုင်းကြားမှာထင်ပေါ်တယ် အဓိက ကသူ့ရဲ့ အေးစက်ပင်မယ့် နွေးထွေးတဲ့ပုံစံရယ် အမိုက်စား body ကြောင့်လည်းပါတာပေါ့ပြီးတော့ သူဟာ တခြားAlpha တေကိုခဏလေးအတွင်းအနိုင်ယူနိုင်ပြီး သူ့ဆရာတေကိုတောင် ၃လအတွင်း အနိုင်တိုက်နိုင်ခဲ့တာဖြစ်တယ် ဒီသတင်းတေကြောင့် Omega ရော Beta တေရောသူ့ကိုမြူဆွယ်ကြပင်မယ့် သူက Queen omega မလားသေချာပေါက်ခံနိုင်တာပေါ့ပြီးတော့ သူ omega ဖြစ်တယ်ဆိုတာကို သူ့ရဲ့ အထက်လူကြီး တစ်ယောက်ပဲသိတာဖြစ်ပြီး ထိုလူ ရဲ့အထက်မှာဘယ်သူမှမရှိတော့ဘူး ရာထူးအကြီးဆုံးလို့ပြောရင်ကောင်းမလား သမ္မတ ဆိုတော့ အဲ့တာအပြင် အဲ့လူနဲ့ Liam ဟာ ငယ်ငယ်လေးထဲကခင်လာတဲ့ bestfriend တေဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့လှိ့ဝှက်ချက်တေကိုထိန်းသိမ်းပေးခဲ့တယ် ။ Liam ဟာ အာဏာရှိတဲ့လူဖြစ်ပြီး သူ့ကိုမျက်စိကျနေတဲ့ omega တေရှိပင်မယ့်လည်း ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး တကယ်ဆိုရှိတယ်လို့တောင်မထင်တာပေါ့ သူ့ရဲ့အစွမ်းနဲ့ဆို ထိပ်ဆုံးထိတက်လို့ရပင်မယ့် သူဟာ ဗိုလ်ချုပ် နေရာမှာပဲ နေခဲ့တယ် ဒါကြောင့်လည်း ရန်သူများတဲ့လူလို့ဆိုလို့ရတယ် ။ အမ် Liam နဲ့ shou နဲ့ပတ်သက်မှုလား အင်းးသူတို့နှစ်ယောက်ကကွဲသွားကြတဲ့ငယ်ချစ်ဉီးတေပေါ့ Liam က novel ထဲမှာ မပါခဲ့တဲ့ဇာတ်ကောင်ဆိုပင်မယ့် shou လေးစိတ်ထဲမှာအမြဲတမ်းတခဲ့တဲ့လူအဖြစ်တော့ ရှိခဲ့တယ်သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကြ ဇာတ်လိုက် shou လေးဖြစ်တဲ့ Cedric ကို မူလကိုယ် Liam ကယ်ပေးတာကစတယ် အဲ့အချိန်က Liam ဟာ Shou လေးရှိတဲ့မြို့ကို အလည်အပတ်လာရင်း အမြဲတမ်း အညိုအမဲတေစွဲနေတဲ့ Cedric ကို သတိထားမိတယ် တရားမျှတသူပီပီပေါ့ ဒါကြောင့် သူလိုက်စုံစမ်းကြည့်တော့ တွေ့လာရတဲ့ကိစ္စတေကြောင့် shou လေးအနိုင်ကျင့်ခံရတာကနေကယ်ပေးခဲ့တယ် အမြဲတမ်းလည်းဆေးထည့်ပေးပြီး နှစ်သိမ့်ပေးခဲ့တာပေါ့ ဒီလိုကနေ ဆယ်ကျော်သက်အချစ်လေးတေစတင်လာတဲ့အချိန်မှာပဲ shou လေးရဲ့မိဘတေကစီးပွားပျက်ပြီး အိမ်ပြောင်းသွားကြတယ် သူတို့နှစ်ယောက် နှုတ်တောင်မဆက်ရတော့ပဲနဲ့လေ အဲ့လိုကနေ Liam ကလည်း သူ့မြို့ဆီသာပြန်သွားတော့တယ် ။ Liam က novel ထဲမှာမပါခဲ့တာက ဇာတ်လိုက် shou လေးခံစားနေရတာတေကို မသိလို့ပဲ နောက်တော့ Shou လေးသေတာသိတော့ သူဟာ ဒေါသထွက်သွားပြီး shou လေးကိုချစ်နေတယ်ဆိုတာသိသွားတယ် အဲ့လိုကနေ gong ကိုလက်တုန့်ပြန်ဖို့ကြိုးစား ဒါပင်မယ့် သူရဲ့ လက်အောက်ကလူက သစ္စာဖောက် Liam ကထိုလူကိုယုံတော့ ခံရသေသွား သူမိဘတေကသိ ပြန်လုပ် gong ဆိုတော့မနိုင်တော့ အဲ့လိုနဲ့ပဲ ဂွမ်း..... အင်းရှင်းပြတာတော့ပြီးပြီပေါ့ ။

I hate Gong( It's not truth) but Gong is love me? really?( IHG)Where stories live. Discover now