2.4

75 6 0
                                    

Zawgyi ~~
crd. p
......................
liam ဟာ Vitoria ရဲ့ရုံးခန်းကနေထွက်လာတာနဲ့ သူ့အခန်းကို ပြန်သွားပြီး တစ်ရေးတစ်မောအိပ်လိုက်တော့တယ် သူ့ပင်ပန်းနေပြီလေ...........
.
.
.
ညလေပြေညင်းလေးတေဟာ အိပ်ယာပေါ်မှာအိပ်ပျော်နေတဲ့ လူရဲ့အမဲရောင်ဆံနွယ်တေကိုဖြတ်တိုက်သွားတယ် ထိုလူအိပ်နေတဲ့နေရာဟာဘာမီးမှမထွန်းထားတာကြောင့် မှောင်မဲနေပင်မယ့် လရောင်ကထိုအခန်းထဲကလူကိုတော့အလင်းပေးနေသည် ။
နောက်တစ်ခဏမှာပဲ အိပ်နေတဲ့သူဟာနိုးလာခဲ့တယ် သူ့ရဲ့ အမဲရောင်မျက်တောင်ရှည်တေဟာ လှုပ်ခက်လာပြီးနောက် ထိုမျက်တောင်တေရဲ့အောက်မှာတော့ ကျောက်စိမ်းရောင်မျက်လုံးတေဟာ လရောင်ရဲ့အကူအညီနဲ့ရွန်းစိုနေသည် ။

liam ဟာအိပ်ရေးဝ ဝအိပ်လိုက်တာကြောင့် သူနိုးလာတော့ အပျင်းကြောဆန့်ပြီး ရှောင်ပေါင် ကိုခေါ်လိုက်တယ် ။

" ရှောင်ပေါင် "
liam ခေါ်တာကိုကြားလို့ထင်ပါ့ ခပ်ရွဲရွဲအသံနဲ့ ရှောင်ပေါင်ရဲ့အသံကိုကြားရသည်။

" ရှောင်ပေါင် ကိုသတိတော့ရသေးတယ်ပေါ့ host က "

" hehe နင်ကလည်းးး "

" နင်ကလည်းတေဘာတေလုပ်မနေနဲ့ ဟွန့် "

" အိုက်ယားး ရှောင်ပေါင်လေးက စိတ်ဆိုးနေတာလား "

" မဆိုးပါဘူး ရှောင်ပေါင်က system တစ်ခုမလို့ပါ "

" အို.......ငါကစိတ်ဆိုးနေတယ်ထင်တာ "

" ဟားးး.ဒါတေခဏထားအုန်းး host နဲ့ ရှောင်ပေါင်အခုတစ်လော ခဏအဆက်အသွယ်တေပြတ်တောက်နိုင်ပါတယ် "

" ဟမ် ဘာလို့လည်း "

" အဲ့တာက ရှောင်ပေါင် တို့ system ကို bug တစ်ခုဝင်လာလို့ပါ host အဲ့တာကြောင့်အခြေအနေတေကသိပ်မတည်ငြိမ်ဘူးဗျ ဒါပင်မယ့် host စိတ်ပူဖို့မလိုပါဘူး host နဲ့မသက်ဆိုင်တဲ့ကိစ္စပါ host ကိုထိခိုက်နိုင်မှာလည်းမဟုတ်ဘူး "

ရှောင်ပေါင် ဟာ liam ကို ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ရှင်းပြတယ် စိတ်ပူဖို့မလိုကြောင်းကိုပေါ့
liam ကတော့ စိတ်ပူမနေပေ bug ဖြစ်ဖြစ်ဘာဖြစ်ဖြစ်သူနဲ့မသက်ဆိုင်ဘူးလေ

" ဒါဆို ရှောင်ပေါင် system က bug ဝင်လာတာကိုအခုမှသိတယ်ဆိုတဲ့သဘောလား."

I hate Gong( It's not truth) but Gong is love me? really?( IHG)Where stories live. Discover now