ကမ္ဘာမကြေအမုန်း
အခန်း { ၁ }
ကျွန်မကန်ရေပြင်ကိုငေးကြည့်နေမိသည်ညနေခင်းနေဝင်ရီတရောအချိန်ဖြစ်၍
သာယာလှပနေလေသည် စျာန် နဲ့ ကျွန်မ
သိခဲ့တာ [ ၁၀ ] နှစ်တာကျော်ခဲ့ပြီလေ စျာန် ကစင်ကာပူမှာကျောင်းသွားတက်နေသဖြင့်
မတွေ့ဖြစ်တာကြာပြီအခုပြန်တွေ့ရမှာဆို
တော့ကျွန်မစိတ်တွေလှုပ်ရှားနေခဲ့သည်" ဝဿန် "
" အမလေး စျာန် "
" Yes "
" နင်ဘယ်တုန်းကရောက်လဲ "
" ဒီနေ့ပဲ "
" စျာန် ရယ်အန်တီတွေ့သွားဦးမယ် "
" တွေ့ပါစေပေါ့ "
" နင်အလွယ်မပြောနဲ့ "
" ဘာဖြစ်လဲ "
" ငါကနင်တို့အိမ်မှာအလုပ်လုပ်နေရတာ
လေ "" အဲ့ဒီတော့ "
" တော်ကြာငါအလုပ်ပြုတ်နေဦးမယ် "
" ကဲပါ လာအိမ်ပြန်မယ် "
ကျွန်မတို့နှစ်ယောက်စကားတွေပြောရင်းအိမ်သို့ပြန်ခဲ့လေသည်
" သား ပြန်လာပြီလား "
" ဝဿန် "
" သား နဲ့ ဝဿန် ဘယ်လိုဖြစ်ပြီး "
" ဝဿန် ကိုသားသွားကြိုလာတာမေမေ "
" သြော် "
" သား လေယာဉ်စီးလာရတာခရီးပန်းပြီလား
ရေမိုးချိူးထမင်းစားလိုက်ဦး "" ဟုတ် "
" သမီးလည်းရေမိုးချိူးတော့ သွား "
" ဟုတ် "
ကျွန်မအိုးခွက်ပန်းကန်တွေဆေး၍အဝတ်တွေမီးဖိုတိုက်ပြီးခြံထဲမှာစာကျက်နေတုန်း စျာန် အနောက်ကရောက်လာသည်
" ဝဿန် "
" စျာန် နင်လာပြန်ပြီ "
" ……… "
" အန်တီတွေ့သွားဦးမယ် "
" တွေ့ပါစေပေါ့ "
" စျာန် နင်သိရဲ့သားနဲ့ငါထပ်မပြောချင်ဘူး "
" ဘာကိုလဲ "
" အန်တီတွေ့သွားရင်ငါအလုပ်ပြုတ်နေဦးမယ်လို့ "
YOU ARE READING
ကမ္ဘာမကြေအမုန်း (Completed) OC
Romanceအချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ် အချစ်မှာတကယ်ချစ်တဲ့ သူကအရှုံးဆိုရင် ငါရှုံးခဲ့ပြီးပြီ ...။ Zawgyi အချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ...