Part 17 Uni/Zawgyi

550 5 0
                                    

ကမ္ဘာမကြေအမုန်း

  အခန်း { ၁၇ }

ကျွန်တော်ဒန်းပေါ်မှာထိုင်နေပြီးစဉ်းစားနေ
မိပါသည် ဝဿန် ဘာဖြစ်နေတာလဲဘာကိုဖုံးကွယ်နေရတာလဲအစ်ကိုလည်းသိတယ်
ဆိုတော့ဘာတွေလဲငါ့ကိုဘာလို့ပေးမသိစေ
ရတာလဲ ဟေမာန် ကိုဘာလို့တားရတာလဲဟေမာန် ကဘာကိုပြောချင်တာလဲကျွန်တော်သက်ပြင်းတစ်ချက်ကြိတ်ရှိုက်လိုက်မိသည်

" ဖေဖေလိုက်ဖမ်းနော် သမီးပြေးပြီ "

" ကဲ ဖေဖေလာပြီနော် "

… အား! …

" ဟင် သမီးရယ်သတိထားမှပေါ့ နာသွားလား "

" မနာပါဘူးဖေဖေရယ် "

အစ်ကိုနဲ့ မိုးမြင့်စျာန် လေးကစားနေတာကိုကျွန်တော်ငေးကြည့်နေမိရင်းအတွေးတွေ
ခေါင်းထဲပို၍ရောက်လာမိသည်ငေးနေရင်း
မိုးမြင့်စျာန် လေးချော်လဲသွားသည့်အတွက်
ဝဿန် ရောက်လာပြီးဘေးကခေါ်လိုက်
သည့်အသံကြောင့်ကျွန်တော့်အတွေးများဖျောက်ဖျက်လိုက်မိပါသည်

" အစ်ကို "

" ဟိုမှာမေမေလာပြီ "

" အစ်ကို ဝဿန် နဲ့စကားခဏလောက်ပြေရအောင် "

" စျာန် သမီးကိုခဏလောက်ခေါ်ထားပေးပါကွာ "

" လာ ဦးဦးနဲ့ကစားရအောင် "

" ဟုတ်ကဲ့ ဦးဦး "

ဝဿန် အစ်ကို့ကိုအခန်းထဲခေါ်ခဲ့သည် စျာန် ရှေ့မှာမပြောချင်လို့ပါ

" အစ်ကို "

" ပြောလေ ဝဿန် "

" သမီးကိုသိပ်အလိုမလိုက်ပါနဲ့ အစ်ကိုရယ် "

" ဘာဖြစ်လို့လဲ ဝဿန် ရယ် "

" အစ်ကို အဲ့ဒီလိုအလိုလိုက်နေရင်သမီးကဇွတ်တရွတ်နိုင်သွားလိမ့်မယ် "

" ဝဿန် ကလည်းကွာကလေးပဲဟာနေပါ
စေ "

" ဝဿန် က ဝဿန် သမီးကိုကောင်းစေချင်လို့ပြောတာလေအခုတောင်သမီးက ဝဿန် စကားဆိုနားမထောင်ချင်တော့ဘူး "

" ဝဿန် အဲ့ဒီလိုကျပ်ကျပ်လုပ်သမီးက
ဝဿန် ကိုသိပ်စိမ်းသွားလိမ့်မယ် "

ကမ္ဘာမကြေအမုန်း (Completed) OCUnde poveștirile trăiesc. Descoperă acum