ကမ္ဘာမကြေအမုန်း
အခန်း { ၁၃ }
တီ … တီ … တီ
ကျွန်မဖုန်းကောက်ကိုင်လိုက်ပါသည်အသံကကျွန်မရဲ့အခင်ဆုံးသူငယ်ချင်း မိုးမခ ၏
အသံလေမတွေ့ရတာလဲကြာပြီဆိုပါတော့သမီးလေးမွေးပြီးထဲကသူအမေရိကားသွားနေတာလေ" ဟယ်လို "
" ဝဿန် "
" ဟယ် မိုး "
" ငါမကြာခင်မြန်မာပြည်ပြန်လာတော့မယ်
ဟ "" ဟယ် တကယ်လား "
" အင်း "
" ကောင်းတာပေါ့ "
" အင်း အဲ့ဒါဆိုဒါပဲလေ "
" အင်း ငါဖုန်းချလိုက်တော့မယ် "
" အိုကေ ရောက်မှတွေ့မယ် "
ကျွန်မဖုန်းချပြီးလှည့်ထွက်လိုက်၍ညစာထမင်းဝိုင်းသို့လာခဲ့သည်
" သမီး စျာန် ကိုသွားခေါ်ပေးပါလား "
" ဒါပေမယ့် "
" သမီးရယ် သွားခေါ်လိုက်ပါ "
" ဟုတ် "
ဒေါက် … ဒေါက်
" ဝင်ခဲ့လေ "
" ဟို အန်တီကခေါ်ခိုင်းလိုက်လို့ထမင်းစားမယ်တဲ့ "
" ငါမဆာသေးဘူး နောက်မှစားလိုက်မယ် "
" ဒါပေမယ့် "
" …………… "
ကျွန်မအောက်ထပ်ပြန်ဆင်းလာခဲ့သည်ညစာစားပြီးသောက်ပြီးတော့ကျွန်မအိုးခွက်ပန်းကန်တွေဆေးကြောပြီးသမီးကိုသိပ်လိုက်ပါသည်သမီးအိပ်သွားတော့ကျွန်မအောက်ထပ်ပြန်ဆင်းခဲ့သည်
" တစ်ခုခုရှာနေတာလား "
" အင်း တစ်ခုခုစားချင်လို့ "
" ထမင်းခူးပေးရမလား "
" ဟင့်အင်း ထမင်းမစားချင်တော့ဘူး "
" ဒါဆို ခေါက်ဆွဲပြုတ်ပေးရမလား "
" အင်း "
" ခဏစောင့် "
ကျွန်မစတီးဇလုံတစ်လုံးလှမ်းယူလိုက်ပြီးဇလုံထဲကိုရေနွေဆူဆူနဲ့ခေါက်ဆွဲခြောက်ထုပ်ဖောက်ထည့်လိုက်သည်မုန်လာဥအနီပါးပါးလှီးပြီးပဲသီးကိုလိုသလောက်ပဲဖြတ်လိုက်ပါသည်ညနေကကြော်ထားတဲ့ကြက်သားကိုမျှင်ထည့်လိုက်ပါသည်ပန်းဂေါ်ဖီကိုလည်းဖြတ်ပြီးထည့်လိုက်ပါသည်ခဏထားပြီးနောက်
ဆုံးငြုတ်သီးမှုန့်အနည်းငယ်ထည့်ပြီးအဖုံးဖုံး
ထားလိုက်ပါသည်ကြာလာတော့မီးဖိုမီးပိတ်ပြီးဇလုံကိုယူချလိုက်ပါသည်ပြီးတော့စားပွဲပေါ်တင်ပေးလိုက်သည်
YOU ARE READING
ကမ္ဘာမကြေအမုန်း (Completed) OC
Romanceအချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ် အချစ်မှာတကယ်ချစ်တဲ့ သူကအရှုံးဆိုရင် ငါရှုံးခဲ့ပြီးပြီ ...။ Zawgyi အချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ...