ကမ္ဘာမကြေအမုန်း
အခန်း { ၁၅ }
ကျွန်တော်စင်ကာပူကိုပြန်သွားဖို့ဆုံးဖြတ်
ပြီးဗီဇာလုပ်ရန်ထွက်လာခဲ့သည် ဝဿန် ကကျွန်တော်ကိုသူ့အနားကနေထွက်သွားစေ
ချင်နေတာဆိုတော့ကျွန်တော်ထွက်သွားပေးရမှာပေါ့လေရုံးမှာလူကျပ်နေလို့ကျွန်တော်သူငယ်ချင်းအိမ်တစ်ခေါက်သွားပြီးပြန်ထွက်လာခဲ့သည်မီးပွိုင့်မိနေလို့ကားရပ်ထားရင်း ဟေမာန် ကိုတွေ့လိုက်ရသည်" ဟေမာန် "
" ဟင် ကိုစျာန် "
" ဘယ်သွားမလို့လဲ "
" ဒီနားကသူငယ်ချင်းတစ်ယောက်ဆီကပြန်လာတာ "
" တက်လေ လိုက်ပို့ပေးမယ် "
" ဟုတ် "
ကိုစျာန် လိုက်ပို့ပေးမယ်ဆိုလို့ ဟေမာန် ကား
တံခါးဖွင့်ပြီးတက်လိုက်သည် ကိုစျာန် ကိုဟိုးငယ်ငယ်လေးထဲကမမကတဆင့်သိခဲ့ရတာပါနောက်တော့ ကိုစျာန် ကစင်ကာပူမှာပညာ
တော်သင်ပြီးပြန်လာတော့သိပ်မကြာခင်မမနဲ့ချစ်သူတွေဖြစ်ခဲ့တာကို ကိုအာကာ ပြီးတာနဲ့ ဟေမာန် ပထမဆုံးသိခဲ့ရတာပါ ကိုစျာန် ကမမထက် [ ၁ ] နှစ်ကြီးတယ်မမက ဟေမာန် ထက် [ ၂ ] နှစ်ကြီးတော့ပိုပြီးအစ်ကိုတစ်ယောက်ပမာခင်တွယ်ခဲ့ရသည် မိုးမြင့်စျာန် လေးမွေးတော့ ဟေမာန် ကိုမမက ကိုစျာန် ကိုဘာမှမပြောဖို့ပိတ်ထားခဲ့သည် ဟေမာန် ထင်တာက ကိုစျာန် ပြန်လာမှပဲအသိပေးမယ်ထင်ခဲ့တာမမကဘယ်တော့မှထုတ်မပြောဖို့မှာ
ထားသည်မမစိတ်ကို ဟေမာန် သိပါ၏သူ့မာနတွေနဲ့သူ့ကိုသူဒုက္ခပေးနေတာတကယ်
တမ်းတော့မမကကိုစျာန် ကိုချစ်နေသေးသည်ဒါကိုသူကိုယ်တိုင်သိရဲ့နဲ့လက်မခံချင်
တာတကယ်တော့ ဟေမာန် ကမပြောလည်းအမှန်တရားကတချိန်ချိန်ပေါ်လာမှာပဲမဟုတ်ပါလားအမှန်တရားဆိုတာဘယ်တော့မှဖုံးကွယ်ထားလို့မရဘူးတချိန်တော့ပေါ်လာစမြဲပါပဲ ဟေမာန် ကမမစိတ်ချမ်းသာအောင်ဖုံးကွယ်ထားပေးတာပါလေ ဟေမာန် မှာအစ်မဆိုလို့ဒီတစ်ယောက်ပဲရှိတာလေမမစိတ်
ပျက်သွားမှာစိုးမိသည်" ကိုစျာန် ဘယ်သွားမလို့လဲ "
" ဟေမာန် ငါ ငါစင်ကာပူပြန်တော့မယ်ဟာ "
YOU ARE READING
ကမ္ဘာမကြေအမုန်း (Completed) OC
Romanceအချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ် အချစ်မှာတကယ်ချစ်တဲ့ သူကအရှုံးဆိုရင် ငါရှုံးခဲ့ပြီးပြီ ...။ Zawgyi အချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ...