Part 11 Uni/Zawgyi

668 9 0
                                    

ကမ္ဘာမကြေအမုန်း

အခန်း { ၁၁ }

နံနက်ခင်းရာသီဥတုကလည်းသာယာတာမို့ကျွန်မခြံထဲသို့ဆင်းခဲ့သည်နှင်းဆီးပန်းပင်နားရောက်သွားပြီးအပွင့်တစ်ပွင့်ကိုနမ်းရှိုက်လိုက်မိပါသည်

" ဝဿန် "

အနောက်မှခေါ်သံကြောင့်ကျွန်မမျက်နှာပြုံးနေရင်းကတည်လိုက်မိပြီးအိမ်ထဲဝင်ရန်လှည့်ထွက်မိတော့သူကကျွန်မလက်ကိုလှမ်းဆွဲထားခဲ့သည်ဟင်သူငါ့လက်ကိုလှမ်းဆွဲထားပါလား

" ဝဿန် "

" နင်ငါ့လက်ကိုလွှတ်ပါ "

" မလွှတ်ဘူး နင်မသွားရဘူး "

" ……… "

" ငါနင့်ကိုပြောစရာရှိတယ် "

" ငါ့မှာပြောစရာစကားမရှိဘူး "

" ဒါပေမယ့် ငါ့မှာရှိတယ်လေ "

" ငါမအားဘူး "

" ဝဿန် "

" ……… "

" ငါ့ကိုခဏပဲအချိန်ပေးပါ "

ကျွန်မသက်ပြင်းအသာရှိုက်လိုက်မိသည်သူနဲ့မတွေ့ချင်ပါဘူးဆိုအတင်းလိုက်နေပါလားနော်ဘယ်လိုမှလဲရှောင်မရတိမ်းမရအစထဲကလည်းတဇွတ်ထိုးပြောမရအဆုံးကျွန်မသူ့နောက်လိုက်ခဲ့ရသည်

" ပြောစရာရှိတာမြန်မြန်ပြော "

" ဝဿန် "

" ငါမေးချင်တာအတိတ်ကဖြစ်ပျက်ခဲ့တဲ့
ကိစ္စက "

" ဘာကိုလဲ အတိတ်မှာဘာမှလဲမဖြစ်ခဲ့ဘူးဘာမှလဲပြောစရာမရှိဘူး "

" ဝဿန် ငါမေးချင်တာနင်သိပါတယ် "

" မသိဘူးသိလဲမသိချင်ဘူး "

" ဝဿန် နင်ငါ့ကိုညာလို့မရပါဘူး "

" ငါကဘာကိုညာရမှာလဲဘာမှမညာဘူး "

" ရတယ် နင်မပြောရင်ငါမေမေ့ကိုအမှန်အတိုင်းပြောပြီးအစ်ကိုကိုမေးခိုင်းမယ် "

" စျာန် နင်နော်မညစ်ပတ်နဲ့နော် "

" ငါကဘာကိုညစ်ပတ်တာလဲအမှန်အတိုင်းသိအောင်လုပ်မှာလေ "

" ရတယ် နင်အဲ့ဒီကိစ္စပြောတဲ့နေ့ကငါဒီအိမ်ပေါ်ကဆင်းရုံပဲမယုံရင်ကြည့်လိုက် "

ကမ္ဘာမကြေအမုန်း (Completed) OCTempat cerita menjadi hidup. Temukan sekarang