Part 14 Uni/Zawgyi

574 4 0
                                    

ကမ္ဘာမကြေအမုန်း

  အခန်း { ၁၄ }

ကျွန်တော်ခြံထဲဆင်းလမ်းလျှောက်နေမိပါသည်ဒီနေ့ကကုမ္ပဏီပိတ်ရက်ဖြစ်၍အားနေတာနဲ့ ဝဿန် စိုက်ထားတဲ့ပန်းတွေကိုလျှောက်ကြည့်နေမိ၏ပန်းပင်တွေရဲ့ကြား
ထဲမှာ ဝဿန် ကိုမြင်မိသည်နှင်းဆီပန်းတွေကိုဂရုစိုက်နေတာမြင်တော့ကျွန်တော်ငေး
ကြည့်နေမိသည်ဘာလို့ဆိုတော့နှင်းဆီပန်းတွေကကျွန်တော်အနှစ်သက်ဆုံးမဟုတ်ပါလားဒါကို ဝဿန် လည်းသိသည်ကျွန်တော်အနှစ်သက်ဆုံးပန်းပင်တွေကိုဂရုတစိုက်ပျိုးထောင်ပေးနေတာဆိုတော့ ဝဿန် ကျွန်တော်အပေါ်ကိုစိတ်မကုန်သေးဘူးဆိုတာသိလိုက်ရသည်

" ဝဿန် "

ရုတ်တရတ်သူရောက်လာတော့ကျွန်မလက်ကိုဆွဲရုတ်လိုက်မိသည်ဘာလို့ဆိုတော့ကျွန်မနှင်းဆီပန်းတွေကိုတယုတယပျိုးနေတာလေဒါကိုသူမသိအောင်လက်ကိုရုတ်လိုက်ခြင်းပင်နှင်းဆီပန်းတွေကိုသူကအကြိုက်ဆုံးအနှစ်သက်ဆုံးလေကျွန်မဒီလိုပျိုးနေတာမြင်ရင်တမျိုးထင်သွားမှာစိုးလို့ပါလေကျွန်မအဲ့ဒီလိုအထင်မခံချင်ဘူးကျွန်မပေါ်သူရက်စက်ခဲ့တာတွေကိုဘယ်တော့မှမမေ့ဘူးဘယ်တော့မှခွင့်မလွှတ်နိုင်ဘူးအရမ်းလည်းမုန်းတယ်အရမ်းလည်းနာကြည်းတယ်ဘယ်သောအခါ
မှလည်းခွင့်မလွှတ်နိုင်ဘူးတွေးရင်းလက်ကိုဆွဲရုတ်လိုက်မို့ကပ်ကြေးနဲ့ထိုးမိသွားသည်

… အား! …

" ဝဿန် နင်ရရဲ့လား "

" စျာန် ငါ ငါဘာမှမဖြစ်ဘူး "

" ဘာကိုဘာမှမဖြစ်တာလဲ "

" စျာန် "

" ဒီလောက်သွေးတွေထွက်နေတာ "

" ငါအဆင်ပြေပါတယ် "

" ဘာကိုအဆင်ပြေတာလဲ လာ ဆေးထည့်လိုက်ဦး "

" တော်ပြီ နင်ငါ့ကိုဒီလောက်ဂရုစိုက်ပြနေစရာမလိုဘူးဒီလောက်ဒဏ်ရာသေးသေးလေးကငါဘာမှမဖြစ်သွားဘူးငါ့ဘဝမှာဒီထက်ဆိုးတာတွေကြုံခဲ့ပြီးပြီအဆိုးဆုံးဆို
တာတွေငါရင်ဆိုင်ခဲ့ရပြီးပြီဒီထက်ဆိုးဖို့လဲ
မရှိတော့ဘူးနင်ငါနဲ့ဝေးဝေးနေပါဘာလို့ပြန်
လာလဲဘာလို့ပြန်လာနေသေးလဲဘာလို့လဲဟိုမှာပဲနေလိုက်ပါလား

ကမ္ဘာမကြေအမုန်း (Completed) OCDonde viven las historias. Descúbrelo ahora