ကမ္ဘာမကြေအမုန်း
အခန်း { ၃ }
" စျာန် "
" ဟင် "
" နင်ငါ့ကိုတကယ်ချစ်ရဲ့လားဟင် "
" ချစ်တာပေါ့ဟာ ဒီကမ္ဘာမှာနင်တစ်ယောက်
ထဲကိုသာငါအချစ်ဆုံး "" အပြောကတော့အံ့မခန်းပါပဲလား "
" ဘာလဲ သံသယရှိတယ်ပေါ့ "
" မပြောတက်ဘူးလေ "
" မယုံဘူးလား "
" မယုံပါဘူး "
" သပ်သေပြရမလား "
" ဟိုး … ဟိုး ယုံပါပြီ စျာန် ရယ် ယုံပါပြီ "
" ဟား … ဟား … ဟား "
စျာန် ရယ်နေတာကို ဝဿန် မျက်စောင်းလေးကြိတ်ခဲလိုက်မိသည်
" အဲ့ဒီလိုပုံစံလေးကိုပဲချစ်နေရတာ "
" ပိုပြီ "
" မပိုပါဘူး ဝဿန် ရယ်အတည်ပြောတာ "
" ဝဿန် လည်းအတူတူပါပဲ စျာန် ရယ် "
ဘာလိုလိုနဲ့ ကျွန်မ စျာန် နဲ့ချစ်ခဲ့ကြတာ
တစ်လကျော်ခဲ့ပြီပဲမဟုတ်ပါလား" ဝဿန် "
" စျာန် နင်ဘာလာလုပ်တာလဲတော်ကြာ
အန်တီတွေ့သွားဦးမယ် "" မတွေ့ပါဘူး ဝဿန် ရယ် ငါနင့်ကိုလွမ်းလို့ပါ "
" တစ်အိမ်ထဲနေကြတဲ့သူချင်းဘာလွမ်းတာလဲ "
" ဒါပေမယ့် ခိုးတွေ့နေရတာလေ "
" အို ဘာလုပ်တာလဲ "
" ဘာဖြစ်လို့လဲ ဝဿန် "
" ငါတို့ကလက်မှမထပ်ရသေးတာ "
" ဝဿန် "
" နင်အဲ့ဒီလိုမလုပ်သင့်ဘူး "
" ဘာဖြစ်လဲ ငါတို့ကအရမ်းချစ်တဲ့ချစ်သူ
တွေပဲလေ "" ဒါပေမယ့် "
" နင်ငါ့ကိုမယုံဘူးလား "
" ယုံပါတယ် ဒါပေမယ့် ငါကြောက်တယ် "
" ဘာကြောက်စရာလိုလို့လဲ ငါရှိသားပဲ "
" ဒါပေမယ့် "
" ဝဿန် နင်ငါ့ကိုမချစ်ဘူးလား "
" ချစ်တာပေါ့ ငါ့အသက်ထက်ချစ်တာ "
YOU ARE READING
ကမ္ဘာမကြေအမုန်း (Completed) OC
Romanceအချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ် အချစ်မှာတကယ်ချစ်တဲ့ သူကအရှုံးဆိုရင် ငါရှုံးခဲ့ပြီးပြီ ...။ Zawgyi အချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ...