ကမ္ဘာမကြေအမုန်း
အခန်း { ၂၁ }
" ဘယ်လိုမှမဖြစ်နိုင်ဘူး ငါမယုံနိုင်ဘူး "
" နင်မယုံလည်းငါ့အတွက်မထူးဘူး "
" ဝဿန် အဲ့ဒီလိုမလုပ်ပါနဲ့နော် ပြောပြပါ "
" ဘာမှပြောစရာမလိုဘူး "
" ဝဿန် ဝန်ခံလိုက်ပါတော့ကွာ "
" ဟုတ်ပါတယ် မမ "
" နင်ဝင်မပြောနဲ့ ငါနင့်အစ်မမဟုတ်တော့
ဘူး "" မမ "
" ဝဿန် ဝန်ခံလိုက်ပါကွာ "
" မဟုတ်ဘူး အစ်ကိုဘာမှဝန်ခံစရာမလိုဘူး "
" ဝဿန် "
" မသိဘူး ဘာမှဝန်မခံဘူးဟုတ်လည်းမဟုတ်ဘူး "
ကျွန်မပြောလိုက်၍ ဟေမာန် ကငိုပြီးပြေးထွက်သွားသည်အစ်ကိုကဆက်ပြောနေတော့ကျွန်မနားနှစ်ဖက်လက်ဖြင့်ပိတ်ပြီးအတင်းငြင်းနေရင်းမျက်ရည်စများကထိန်းမနိုင်တော့ပဲပါးပြင်ထက်စီးကျလာရ၏နောက်ဆုံးမတက်နိုင်တော့၍ဝန်ခံလိုက်မိသည်
" ဟုတ်တယ်ဟာ သမီးကနင့်ရဲ့သမီးပဲ နင်ကျေနပ်ပြီလားအဲ့ဒီတော့အခုချိန်ကစပြီးနင်သမီးနဲ့ဝေးဝေးနေပါ "
" ဝဿန် "
" အခုတောင်နင့်လိုသစ္စာမရှိတဲ့သူရဲ့သွေးတွေငါ့သမီးဆီရောနေပြီနင့်လိုသစ္စာမရှိတဲ့သူရဲ့
အကျင့်စရိုက်တွေငါ့သမီးဆီအရောက်မခံနိုင်ဘူး "" ငါကသစ္စာမရှိဘူးဟုတ်လား တကယ်သစ္စာတဲ့သူကဘယ်သူလဲတကယ်ဆိုနင်သာငါ့ကို
ဖွင့်ပြောခဲ့ရင်ငါပြန်လာမှာပေါ့ဒါပေမယ့်နင်ကငါ့ကိုဘာမှမပြောပဲအစ်ကိုနဲ့လက်ထပ်လိုက်တယ် "" ကိုယ့်အပြစ်တွေကျေချင်တိုင်းသူများအပေါ်အပြစ်တွေပုံချမနေနဲ့အဲ့ဒီလိုပုံချနေ
လို့လဲအမှန်တရားကပြောင်းလဲလို့မရဘူးတကယ်ဆိုနင်သာဟိုမှာနိုင်ငံခြားသူမကိုသာလက်မထပ်လိုက်ရင်ငါလည်းဒီလိုဘဝမျိူး
မရောက်ဘူးအစ်ကိုလည်းငါ့အတွက်ဒုက္ခခံစရာမလိုဘူး "" နင်ဘာတွေပြောနေတာလဲ နင်လုံးဝမသိသေးဘူးလားငါရှင်းပြတာကို "
أنت تقرأ
ကမ္ဘာမကြေအမုန်း (Completed) OC
عاطفيةအချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ် အချစ်မှာတကယ်ချစ်တဲ့ သူကအရှုံးဆိုရင် ငါရှုံးခဲ့ပြီးပြီ ...။ Zawgyi အချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ...