ကမ္ဘာမကြေအမုန်း
အခန်း { ၁၉ }
ဆေးရုံကပြန်လာတော့သမီးကိုအခန်းထဲမှာသိပ်ပြီးကျွန်မအောက်ထပ်ပြန်ဆင်းလာ၍ စျာန် ကကျွန်မရှေ့မှာပိတ်ရပ်လိုက်သည်
" ဝဿန် "
" ……… "
" နင်ဒီနေ့ဒီကိစ္စပြောမှရတယ် "
" နင်နဲ့မဆိုင်ဘူး "
" ဘာလို့မဆိုင်ရမှာလဲ "
" သားရယ် ဘာတွေဖြစ်နေကြတာလဲမေမေဖြင့်နားကိုမလည်တော့ဘူး "
" မေမေတကယ်တော့လွန်ခဲ့တဲ့ [ ၇ ] နှစ်က "
" စျာန် နင်တော်တော့ဆက်မပြောနဲ့တော့ "
" ဘာလို့မပြောရမှာလဲမပြောစေချင်နင်ဒီကိစ္စကိုပြော "
" ဘာကိုလဲ သမီး "
" ဘာမှမဟုတ်ဘူး အန်တီ "
" ဘာကိုဘာမှမဟုတ်ရမှာလဲမေမေတကယ်တော့ "
" စျာန် နင်ထပ်မပြောနဲ့လို့ "
" တကယ်တော့လွန်ခဲ့တဲ့ [ ၇ ] နှစ်ကသားနဲ့ ဝဿန် ချစ်သူတွေဖြစ်ခဲ့ကြတယ်ပြီးတော့ "
" မေမေနားလည်ပြီသားတို့အဆင့်ကျော်ခဲ့ကြတယ်ဆိုပါတော့ဒါဆိုရင်သားပြောခဲ့တဲ့သူက ဝဿန် ပေါ့ဒါများစောစောကပြောရောပေါ့သားရယ်ဒီလောက်ဆိုမေမေသဘောပေါက်ပြီမြေးလေး မိုးမြင့်စျာန် ကသားရဲ့သမီးလေးဆိုပါတော့ဟုတ်လား "
" အဲ့ဒါတော့ ဝဿန် ကိုမေးကြည့်မှရမယ် "
" မဟုတ်ဘူး သမီးကငါ့သမီးနင်နဲ့မဆိုင်ဘူး "
" ဝဿန် "
ကျွန်မပြောပြီးလှည့်အထွက် စျာန် ကကျွန်မကိုလှမ်းခေါ်ရင်းလဲကျသွားသည်တကယ်တော့ စျာန် မှာပါတဲ့ဓာတ်မတည့်တဲ့ရောဂါကသမီးမှာပါလာတာကိုကျွန်မနဲ့အစ်ကိုပဲသိခဲ့တာပါကြီးမေခွင့်ယူပြီးနယ်ကိုပြန်သွားတည်းကကျွန်မကိုယ်တိုင်စောစောထပြီးချက်ပြုတ်ခဲ့တာမနက်ကကျွန်မအိပ်ရာထတာနောက်ကျသွားခဲ့၍အိမ်ကကောင်မလေးဘာဟင်းတွေချက်လိုက်မှန်းမသိခဲ့ပါကျွန်မ စျာန် ဆီကိုပြန်ပြေးသွားမိသည်
" စျာန် "
" သားကြီးရယ်လုပ်ပါဦးဆရာဝန်ကိုဖုန်းဆက် "
BẠN ĐANG ĐỌC
ကမ္ဘာမကြေအမုန်း (Completed) OC
Lãng mạnအချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ် အချစ်မှာတကယ်ချစ်တဲ့ သူကအရှုံးဆိုရင် ငါရှုံးခဲ့ပြီးပြီ ...။ Zawgyi အချစ်ဆိုတာ ဟန်ဆောင်ပြီးချစ်တဲ့သူက အမြဲတမ်း အနိုင်ရတယ် နှလုံသားစစ်နဲ့ချစ်တဲ့ သူက အမြဲရှုံးတယ...