IX

492 85 26
                                    

[U]

ရုပ်ရှင်ရုံကအပြန် နေ့ဝက်လောအချိန်ပိုသေးသည်
မို့ ဂျောင်ဂုကိုခေါ်ကာ ဟိုတလောလေးကမှအသစ်
ဖွင့်ထားသော bakeryဆိုင်လေးတစ်ခုကိုခေါ်သွား
ဖိုထွက်လာခဲ့သည်။ထိုဆိုင်ကိုသွားဖို့ သိပ်မဝေးသော
ကားမှတ်တိုင်ကိုနှစ်ယောက်သားလမ်းလျှောက်သွား
လိုက်ကြသည်။

“ ငါတို့အခုဘယ်သွားကြမှာလဲ ”

“ မုန့်သွားစားမယ်လေ~ မင်းဗိုက်မစာဘူးလား ”

“ အွန်း ဆာတယ် ”

ထယ်ယောင်းခေါ်သွားသည့်နေရာကို ဘာမှမပြော
ဘဲငြိမ်ငြိမ်လေးသာလိုက်ခဲ့သည်။တစ်စတစ်စနှင့်
သွားလာနေသောနေရာတွေကရင်းနှီးနေလေတော့
ဂျောင်ဂုဟိုငေးဒီငေးနဲ့ပါလာသည်။ ရုတ်တရက်
ပေါင်မုန့်ဆိုင်တစ်ခုရှေ့မှာရပ်လိုက်သော‌ထယ်ယောင်း
ကြောင့်ဂျောင်ဂုဇောချွေးပါပုန်လာရသည်။ဒီဆိုင်ကသူကျောင်းပိတ်ရက်တိုင်းအချိန်ပိုင်းအလုပ်လာလုပ်နေတဲ့
ပေါင်မုန့်ဆိုင်လေ။

“ လာလေ... ဘာတွေငေးနေတာလဲ ”

ဆိုင်ထဲကိုဝင်ဖို့ လှေကားထစ်လေးတွေကိုသူတက်လိုက်
ပြီးမှ နောက်ကဂျောင်ဂုပါမလာတာကိုသတိရတော့
လှည့်ကြည့်မိသည်။ ငူငူငေါင်ငေါင်နှင့်ရပ်နေသော
ဂျောင်ဂုလက်ကိုပြေးဆွဲလိုက်ရင်းခေါ်သော်လည်း
တွန့်ဆုတ်ဆုတ်နှင့်ပါလာသည်။

“ ဟိုလေ တစ်_တစ်ခြားဆိုင်သွားကြမလား ”

“ ဟင့်အင်း မသွားပါဘူး။ ဒီဆိုင်ကငါစုံစမ်းထားတာ
မုန်ကောင်းကောင်းလည်းရှိတယ်...ပြီးတော့ဓာတ်ပုံ
ပါရိုက်လို့ရသေးတယ်။ လာပါကွာ...ရောက်နေပြီးမှ
လှည့်ထွက်သွားတာကမကောင်းပါဘူး ”

ပြောရင်းဆိုရင်းနှင့် မရရအောင်ဆွဲခေါ်နေသောထယ်
ယောင်းကြောင့်ဂျောင်ဂုမှာမလိုက်ချင်လိုက်ချင်နှင့်
ပါသွားရသည်။

“ ကြိုဆိုပါတယ် ဧည့်သည်...ဘာများသုံးဆောင်-
အို့! ဂျောင်ဂု! ”

ဆိုင်ထဲကတစ်နေရာမှာနေရာဝင်ယူလိုက်တော့
စားပွဲခုံတွေကိုသုတ်နေရင်း လူဝင်လာတာကိုမြင်လို့
အပြေးလာကြိုဆိုသော ဆိုင်ဝန်ထမ်းဆီကဂျောင်ဂု
၏နာမည်ကိုကြား‌တာကြောင့်ထယ်ယောင်းမျက်မှောင်
ကြုတ်လိုက်မိ၏။

𝗟𝗲𝘁'𝘀 𝗡𝗼𝘁 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲! -𝐕𝐊𝐎𝐎𝐊-Where stories live. Discover now