IV

646 95 14
                                    

(U)

“ ဒယ်ဒီ! ဒယ်ဒီ! ဒယ်ဒီ! ”

မနက်စောစောအိမ်ကြီးအတွင်း ထယ်ယောင်းရဲ့
အသံဆာဆာကလေးကပျံ့လွင့်နေသည်။ ဒီနေ့
သူသိပ်ပျော်နေသည်။သိပ်လည်းအလျင်လိုနေသည်။
‌မာမီ ကိုရီးယားပြန်လာတော့မယ်တဲ့လေ။ ပြီးတော့
သူတို့ရဲ့14ပြည့်မွေးနေ့။လေဆိပ်မှာမာမီ့ကို
သွားကြိုဖို့ ရေမိုးချိုးပြီးအင်္ကျီအဝတ်စား
ရွေးနေတာ ဝတ်ချင်နေသောအင်္ကျီတွေကများသည်မို့
ဘာဝတ်ရမှန်းမသိဖြစ်နေသည်။

“ ကဲ... လာပါပြီ... ဟောအခုထိအင်္ကျီ
မလဲရသေးဘူးလား ယောင်းငယ် ”

“ ရွေးရခက်နေတယ်... ဒယ်ဒီကူပေး ”

ကုတင်လယ်မှာကိုယ်တုံးလုံးလေးနှင့်အဝတ်ပုံကြား
လှန်လောနေပြီး ထယ်ယောင်းကလှမ်းပြောတော့
ခေါင်းတစ်ခါခါလုပ်ရင်း အဝတ်ဗီရိုကိုဖွင့်လိုက်သည်။
အလယ်တန်းအရွယ်လူပျိုပေါက်က လှချင်တာတောင်
သူ့ကိုစစ်ကူခေါ်သေးသည်။

“ ဒါလေးဝတ်! သားမာမီကဒီလိုလေးတွေ
ဝတ်ရင်သဘောကျတယ် ”

ရှပ်လက်ရှည်အဝါနုနုလေးနှင့်နှင့်
ဘောင်းဘီအဖြူအရှည်ကိုထုတ်ပေးတော့
သိသိသာသာနှာခေါင်းရှုံ့သွားပေမယ် ဝတ်
ရှာပါတယ်။

‌ဒယ်ဒီဝတ်ပေးသည်ကိုခပ်မြန်မြန်လေးလဲကာထွက်
လာတော့ လက်ပြတ်ဆွယ်တာအဝါလေးကိုအပေါ်
ကနေထပ်ဝတ်ပေးမယ်လုပ်တော့

“ ဟင့်အင်း အဲ့ဒါမဝတ်ဘူး ”

ခေါင်းတစ်ခါခါနှင့်ပြောပြီးဗီရိုဆီပြေးကာ
မနှစ်ကသူ့မွေးနေ့တုန်းကဂျောင်ဂုပေးတဲ့
ဆွယ်တာအပြာလေးကိုထုတ်ဝတ်လိုက်သည်။
ပြီးလျှင် ပထမဆုံးမွေးနေ့လက်ဆောင်လေး
ဖြစ်တဲ့ ဦးထုတ်ကလေးကိုထုတ်ဆောင်းပြီး
ဒယ်ဒီ့လက်ကိုပြေးတွဲလိုက်သည်။

“ သွားကြမယ် ”

ဆိုကာလက်ကိုဆွဲ၍အခန်းထဲကပြေးပြေးထွက်သည်။
မနက်စာစးအတူတူစားသောက်ပြီးက ထွက်လာကြ
တော့ ကားပေါ်မှာပျော်ရွှင်ကာပါလာသည့်ထယ်ယောင်း
ကိုကြည့်ကာ သူအဖေကသဘောတကျဖြစ်နေသည်။
.
.
.
.
.
ဂျောင်ဂု သူ့လက်ထဲက earmuffs အပြာ
ရောင်လေးကို လက်ဆောင်ဘူးအပြာလေးထဲသို့
ထည့်လိုက်သည်။ဒီဇင်ဘာလိုအေးအေးချမ်းချမ်း
ရာသီမှာမွေးတဲ့ထယ်ယောင်းအဖို့ သူနှစ်တိုင်းရာသီနှင့်
လိုက်ဖက်တဲ့အသုံးအဆောင်လေးတွေဘဲပေးဖြစ်
တာဖြစ်သည်။ လက်ဆောင်ဆိုတိုင်း အမှတ်တရဖြစ်
နေဖို့ချည်းမဟုတ်ဘဲ အသုံးဝင်အောင်ထိုကဲ့သို့အသုံး
ဆောင်ပစ္စည်းတစ်ခုခုပေးရတာကိုဘဲသူသဘောကျသည်။
ကိုယ်ပေးတဲ့ပစ္စည်းလေးကို တစ်ဖက်လူကယုယုယယအသုံးချနေဆာလေးမြင်ရရင်စိတ်ထဲ ဝမ်းသာမိသည်။
ထယ်ယောင်းဆိုရင်ပိုပြီးတောင်ယုယသေးသည်မို့ပေး
ရတာစိတ်ချမ်းသာဖို့ကောင်းပါတယ်။

𝗟𝗲𝘁'𝘀 𝗡𝗼𝘁 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲! -𝐕𝐊𝐎𝐎𝐊-Where stories live. Discover now