[U]
“ တော်ပြီလား သားငယ်က ”
“ တော်ပြီ မာမီ ”
ချောက်လက်ပူပူလေးတစ်ခွက်နှင့်ပါမုန့်ယိုသုတ်
တစ်ချပ်တောင်ကုန်အောင်စားမသွားတဲ့ထယ်ယောင်း
ကို ဗြောင်ချယ်မေးလိုက်မိသည်။ ခပ်ပြတ်ပြတ်ပြန်
ဖြေသွားပုံကိုကြည့်ရင်း သူသက်ပြင်းချ၍ခေါင်းခါမိ
လိုက်၏။ခုံပေါ်ကဆင်းကာအခန်းဆီမနက်စာစားပြီးကတည်းက
ချက်ချင်းအခန်းထဲကိုပြန်ဝင်လာခဲ့သည်။ မနေ့ညကကိစ္စ
နှင့်တတော်လေးစိတ်ထိခိုက်နေသောကြောင့် ဒီနေ့ဂျောင်ဂုကိုလည်းမကြိုဆိုချင်တော့ပါ။ သူတအားစိတ်မကောင်းဖြစ်
မိတယ်။စားကြည့်စားပွဲမှာဝင်ထိုင်လို့ အံဆွဲလေးကိုဖွင့်လိုက်သည်။
အနက်ရောင် မှတ်စုစာအုပ်လေးကိုထုတ်ကာ ပထမဆုံး
စာမျက်နှာကိုလှန်လိုက်သည်။မနှစ်ကမွေးနေ့မှာ သူနဲ့
ဂျောင်ဂုကိုအတူးတွဲရိုက်ပေးဖူးတဲ့ပုံလေးက Dateကလေး
နှင့်တကွနေရာယူနေသည်။စာရွက်ဆယ်ရွက်လောက်မှာ
ဒီနှစ်တွေအတွင်း ဂျောင်ဂုနှင့်သူ၏အမှတ်တရများ
စွာနှင့်ဖေဖေရိုက်ပေးသောဓာတ်ပုံကလေးတွေက
နေရာယူနေကြသည်။ ဒီနှစ်တော့ဒီလိုအမှတ်တရများစွာ
ကတော့ဆိတ်သုဉ်းတော့မည်။စိတ်ထဲမှာမွန်းကျပိလွန်း၍ သူ၏နောက်ဆုံးရင်ဖွင့်ရာ
ဒီအရပ်မှာ မညီမညာလက်ရေးလေးတွေနဲ့ သူ၏
ရင်းတွင်းဖြစ် စာစုကလေးတွေကနေရာယူသွားသည်။မေမေလည်းငါ့ကိုမချစ်ဘူး...
ဖေဖေလည်းငါ့ကိုမချစ်ဘူး...
ဂျောင်ဂုကလည်းငါ့ဘက်မှာမရှိဘူး...
ဘယ်သူမှငါ့ဘက်မှာမရှိဘူး။“ သားငယ် ”
စသောခံစားချက်များစွာနှင့် ရင်း၍ရေးထားသော
စာလေးအဆုံး ဗြောင်ချယ်ဝင်လာသည်မို့ထယ်ယောင်း
အလန့်တကြားနှင့် ထိုစာအုပ်ကလေးကိုပိတ်လိုက်မိသည်။“ မနေ့ကမာမီပြန်လာတာ သားငယ်တွက်
လက်ဆောင်ဝယ်လာတယ် ... မနေ့ကသားတို့
မွေးနေ့ဆိုတော့အလုပ်ရှုပ်နေတာနဲ့ မာမီသားကို
ပေးဖို့မေ့သွားတယ် ”ပြောရင်းနှင့်ပင် မာမီကလက်ဆောင်ဗူးလေးကို
ပေးသည်။ စားပွဲပေါ်တင်ပေးထားတဲ့ လက်ဆောင်
ဗူးကလေးကိုသူမလှုပ်မယှက်ကြည့်နေဆဲမှာဘဲ...
![](https://img.wattpad.com/cover/318369392-288-k234931.jpg)
YOU ARE READING
𝗟𝗲𝘁'𝘀 𝗡𝗼𝘁 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲! -𝐕𝐊𝐎𝐎𝐊-
Fanfiction" ငါတို့မချစ်ကြရအောင်... " " အသွားပြန်မရှိတဲ့ရူးနှမ်းမှုက ချစ်ခြင်း မေတ္တာဆိုတာ ကိုယ်ယုံအောင်မင်းက သက်သေပြသွားပြီဘဲ " 𝐊𝐓𝐇 𝐚𝐧𝐝 𝐉𝐉𝐊 .