kimမိသားစု ဦးဆောင်သူရဲ့စျာပနကို နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများ
လူချမ်းသားများ အစိုးရအဆင့်အရာရှိများ
စသည်ဖြင့် အောင်မြင်ကျော်ကြားသော
လူပေါင်းများစွာ တတ်ရောက်ကြသည်။
ဤမျှ နာမည်ကြီးသော လူအများ တတ်ရောက်သော စျာပနဆိုသည်မှာ kimမိသားစုတွင်သာဖြစ်နိုင်သည်။ စျာပနာလာသော လူများကို
ကြည့်ချင်းအားဖြင့် kimမိသားစုရဲ့ သြဇာအရှိန်အဝါမည်မျှကြီးမားသည်ကို သိနိုင်ပေသည်။ရက်လည်ပြီးသည့်နောက်၌ အိမ်ရဲ့ဧည့်ခန်း၌ တစ်မိသားစုလုံးစုံကာ ရှေ့နေကြီးဖတ်ပြသော
အမွေကိစ္စကို တိတ်ဆိတ်စွာ နားထောင်နေခဲ့ကြသည်။"ရှေ့နေကြီး အခုကိစ္စက အဖေရေးခဲ့တာ
သေချာရဲ့လား”kim min hyulkရဲ့အမေးကြောင့် ရှေ့နေကြီးစိတ်ထဲ အောင့်သက်သက်တော့ဖြစ်သွားရသည်။
သူ kimမိသားစုအတွက် အလုပ်လုပ်ပေးနေသည်မှာ ကြာပြီမဟုတ်ပါလား။ မိသားစုရဲ့ လူယုံတစ်ယောက်ဆိုလည်း မမှားပေ။ အခုမေးတဲ့အမေးက
ဒီသေတမ်းစာဆို min hyulkတစ်ယောက်မယုံကြည်မှန်း သိနိုင်သည်။ ရှေ့နေကြီးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းရမ်းလိုက်ပြီး"ကျွန်တော့ကို မယုံရင်တောင် ဥက္ကဋ္ဌကြီးရဲ့ လက်မှတ်နဲ့တံဆိပ်တုံးကိုတော့ယုံတယ်မလား
ဒီသေတမ်းစာက ဥက္ကဋ္ဌကြီးရဲ့ နောက်ဆုံးဆန္ဒပါပဲ ခင်ဗျားတို့အကုန်လုံး ဒီထဲကအတိုင်း တစ်သွေ မတိမ်းလိုက်နာရမှာပါ”ရှေ့နေကြီး စကားဆုံးတော့ ဧည့်ခန်းထဲရှိ မိသားစုများသက်ပြင်းချကာ ခေါင်းငြိမ့်လိုက်ကြသည်။ ရှေ့နေကြီး ပြန်တော့ min hyulkနဲ့သူ့သားနှစ်ယောက်ထကာ
"taeri ငါပြန်တော့မယ် တစ်ခုခုလိုအပ်တာရှိရင်
ပြောနော်”
"ဟုတ် oppa”taeri သူ့အကို အဖေ့ရဲ့ဆုံးဖြတ်ချက်ကြောင့် ခံစားနေရတာ သိသော်လည်း ဒီအတိုင်းပဲ
ကြည့်နေရသည်။ taeriက အဖေ့ရဲ့အချစ်ဆုံးသမီးဖြစ်သော်လည်း minhyulkကျ ထိုသို့မဟုတ်။ min hyulkက အဖေစီစဥ်ပေးသည့် မင်္ဂလာပွဲကို လက်မခံပဲ မင်္ဂလာပွဲနေ့၌ တခြားသူနဲ့ထွက်ပြေးသွားသဖြင့် အဖေ့က စိတ်ဆိုးမာန်ဆိုးဖြင့်မခေါ်တာ နှစ်အတော်ကြာခဲ့သည်။
