ကားပေါ်ကနေ ခပ်သုတ်သုတ်ဆင်းသွားတဲ့
ဂျွန့်ရဲ့နောက်ကို taehyungမြန်မြန်လိုက်လာခဲ့ပြီး
"အတွင်းရေးမှူကင်မ် ခဏ ဘာတွေဒီလောက်လောနေရပြန်တာတုန်း companyကိုတောင်
မြင်နေရပြီကို ရှေ့က cafeမှာ coffeeဝင်သောက်ကြမလား”
Taehyungရဲ့စကားကြောင့် ဂျွန်မျက်စောင်း ထိုးကာ'ကြောင်နေတာလား'ဆိုသောအကြည့်ဖြင့် taehyungကို ကြည့်လိုက်မိသည်။ taehyung ချောင်းဟန့်လိုက်ပြီး
"coffeeအတွက် စိတ်မပူပါနဲ့ ပိုက်ဆံ ကျွန်တော်ရှင်းပေးမှာပေါ့"
"ဒီမှာ…ဒီမှာ အခုအဲ့ပိုက်ဆံအတွက် စိတ်ပူနေတဲ့ပုံပေါ်နေတယ်ထင်နေတာလား နာရီကိုလည်းကြည့်ဦး”
taehyung လက်ကနာရီကို ကြည့်လိုက်ပြီး
"ဘာဖြစ်လို့တုန်း အတွင်းရေးမှူးကင်မ်ရဲ့ ၉နာရီမထိုးသေးပါဘူး”
Taehyungရဲ့စကားကြောင့် ဂျွန်ခါးကိုထောက်ပြီး လေပူတွေမှုတ်ထုတ်လိုက်သည်။
"ငါ ဒီလူကို ဘယ်အချိန်မှ နားလည်အောင်
သင်ပေးနိုင်မှာလည်း" taehyung မကြားအောင် လေသံတိုးတိုးဖြင့်ပြောလိုက်ပြီး
"၉နာရီထိုးဖို့က မိနစ်ပိုင်းပဲလိုတော့တာ
အဲ့cafeကို ဝင်ထိုင်ဖို့အချိန်ရှိတယ်ထင်နေတာလား Kim Taehyung shii
companyရဲ့သူဋ္ဌေးကအစ အချိန်ကိုမလေးစားရင် companyမှာ အလုပ်လုပ်နေတဲ့ ဘယ်ဝန်ထမ်းက အလုပ်ကိုလေးစားတော့မှာလည်း kim taehyungရဲ့အဘိုးကတော့
ဘယ်တော့မှအလုပ်ချိန်နောက်ကျပြီး
ရောက်လာတဲ့အဖြစ်မျိုးမရှိဘူးဆိုတာသိရဲ့လား”ဂျွန်ပြောရင်း ခေါင်းကိုခါရမ်းလိုက်ပြီး
"Kim taehyung shiရဲ့အဖိုးကို မှီအောင် အများကြီးကြိုးစားရဦးမယ်…ဟူး…
လာ…နောက်ကျနေပြီ ပြေးရအောင်”
ဂျွန်ပြောပြောဆိုဆိုနဲ့ Taehyungရဲ့ လက်ကို
ဆွဲပြီးပြေးတော့သည်။ Taehyungလည်း
သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့ ဂျွန့်ရဲ့ လက်ချောင်းလေးတွေကို သူ့ရဲ့လက်နဲ့
ပြန်ဆုပ်ကိုင်လိုက်ပြီး ပြေးတာကို ရပ်စေတော့ စိတ်ရှုပ်နေသောအကြည့်နဲ့ ဂျွန်က
သူ့ကိုကြည့်လာခဲ့ပြီး
"ဘာဖြစ်ပြန်တာလည်း kim taehyung shi"
taehyung စပ်ဖြဲဖြဲနဲ့ရယ်လိုက်ပြီး
"နောက်ရက်ကျရင်လည်း အခုလို busနဲ့လာကြရအောင်ပြောမလို့"
taehyungရဲ့ရုတ်တရက် တောင်းဆိုချက်ကို
ဂျွန်ဘာမှထပ်ငြင်းမနေပဲ
"အဲ့တာဆို စောစောစီးစီ ပြင်ဆင်ထားရမယ် အလုပ်တော့နောက်ကျလို့မရဘူး”
"Okay!!!"
ဒီတစ်ခါ Taehyungက ဦးဆောင်းပြီး
ဂျွန့်ရဲ့လက်ကို ဆွဲကို companyဆီပြေးခဲ့ကြတော့သည်။ ပြေးရင်း ဂျွန်တိုးတိုးပြောတာကို
Taehyungကြားလိုက်ရသေးသည်
'ဘာတဲ့ သူဋ္ဌေးတွေများ busကို အထူးအဆန်းလုပ်ပြီး စီးနေချင်ကြသေးတယ်'ဟူ၍ပင်…Taehyung ပြုံးလိုက်ပြီး
စိတ်ထဲကနေသာ ပြန်ပြောလိုက်မိသည်…
