အပိုင်း[၇]

233 19 15
                                        

အော်သံနဲ့အတူ မျက်နှာဆီကို ခပ်ပြင်းပြင်း
ရိုက်မိလိုက်တဲ့ စာရွက်တွေကြောင့်
th လူချင်းမြန်မြန်ခွါလိုက်ရသည်။
ကြည့်လိုက်တော့ သူ့ကို မျက်မှန်အောက်ကနေ မျက်လုံးအ၀ိုင်းသား  ပါးစပ်တောင်မစေ့နိုင်ပဲ
ကြည့်နေတဲ့နမ်ဂျွန်ပင်။ th စိတ်ဆိုးရမလား ဒေါသထွက်ရမလားပင်မသိ။ သို့သော်
ရယ်ချင်စိတ်ကတော့ လှိုက်တတ်လာခဲ့သည်။
နမ်ဂျွန်မျက်နှာတစ်ပြင်လုံးရဲစပ်ကာ
အလန့်တကြားဖြစ်နေသော မျက်နှာက
ရယ်ချင်စရာပင်။ တိတ်ဆိတ်နေသော
အခန်းကိုဖြိုခွဲလိိုက်သည်က kim yuunaဖြစ်သည်။

"Oppa သူကဘာလဲ ဘာလို့ ဒီလိုမျိုးပစ်ပေါက်လိုက်တာလဲ သူများတွေနမ်းနေတုန်း
လာနှောင့်ယှက်တာရိုင်းတယ်လို့ မထင်ဘူးလား"

yuuna လက်ညိုးထိုးကာ ဂျွန့်ကိုပြောလိုက်ပြီး
thခါးကိုဖက်ကာ ရင်ဘတ်ပေါ်ခေါင်းမှီလိုက်သည်။ ထို့နောက် လက်ညှိုးဖြင့် thရဲ့ကျစ်လစ်တဲ့ရင်အုပ်ပေါ်ဖြည်းဖြည်းချင်းဆွဲကာ

"oppaက သူဌေးမလား သူ့ကို အလုပ်ထုတ်ပစ်လိုက်နော်...နော်လို့"

thပြုံးစစမျက်နှာပေးဖြင့် ဂျွန့်ကိုလှမ်းကြည့်ပြီး

"အတွင်းရေးမှူးကင်မ် မင်းကို yuunaက
အလုပ်ဖြုတ်ခိုင်းနေတယ် ကိုယ်လည်း
မင်းဒီလိုလုပ်တာ ရိုင်းတယ်ထင်တယ်နော်"

th ရယ်ကျဲကျဲဖြင့်အပြောကို
ဂျွန် မျက်စောင်းထိုးကာ အောက်မှာကြဲနေတဲ့
စာရွက်တွေကို  ကောက်လိုက်ပြီး

"သူဌေးက ထွက်ဆိုတိုင်း ကျွန်တော်မသွားနိုင်ဘူး
ဒီ companyမှာ ကျွန်တော်လုပ်စရာတွေရှိသေးတယ် တစ်ခုပဲ ဒီအချိန်မှာ ကျွန်တော့်ကို
အလုပ်ထုတ်ချင်ရင် ရှေ့နေကြီးပါ
ထောက်ခံမှရမယ်"

yuunaလက်သီးဆုပ်ဖြင့် thရင်ဘတ်ကို
ထုလိုက်ပြီး

"oppa သူကအတွင်းရေးမှူးဖြစ်ပြီး ဘာလို့ဒီလောက်ရိုင်းနေတာလဲ ဒီမှာ နင် ငါဘယ်သူလဲဆိုတာ မသိဘူးလား"

ဂျွန်တစ်ချက်မော့ကြည့်ပြီး စာရွက်ကို ပြန်ကုန်းကောက်ကာ လေသံတိုးတိုးဖြင့်

"မသိဘူး ဒါပေမယ့် ကျွန်တော်တို့သူဌေး
ပွေရှုပ်တယ် ဆိုပြီးတော့ ကြားဖူးတယ်
သူတွဲတဲ့သူတွေက တစ်လတောင်မခံဘူး
ဆိုလားပဲ"

what wrong with secretary kimWhere stories live. Discover now