thနေရာမှာ ထိုင်ရင်း နမ်ဂျွန်ကို အကဲခတ်နေမိသည်။ မျက်မှန်ကို ပင့်ခါပင့်ခါနဲ့ ကွန်ပျူတာ
ဖြင့် တချိန်လုံးအလုပ်နဲ့လက်နဲ့မပြတ်ပေ။
ဖုန်းလာရင်လည်း ဖြေလိုက် မှတ်စုရေးလိုက်နှင့်ပင်ဖြစ်နေသည်။ နမ်ဂျွန်ပုံကြည့်ပြီး thလည်း အစောက ဂျွန်ပေးတဲ့ စာရင်းကို ကြည့်သော်လည်း ၁၅မိနှစ်ပင်မပြည့်သေး မျက်လုံးကိုက်ချင်သလို ခေါင်းနောက်ချင်သလိုဖြစ်လာသည်။ အဘိုးက သူမြတ်နိုးသော companyကို ဘာလို့ အတွေ့အကြုံမရှိတဲ့ သူ့ဆီအပ်ခဲ့လည်း
ဆိုတာ thနားမလည်နိုင်ပေ။ သူနဲ့စာလျှင်
sj hyungက အပုံကြီးသာနေတာကို thတစ်ယောက်တည်း စားပွဲလိုလက်နဲ့တောက်ကာ အတွေးနယ်ချဲ့နေခဲ့မိသည်။"taehyung shi…”
th သူ့နာမည်ကြားလို့မော့ကြည့်တော့ သူ့ရှေ့ရောက်နေတဲ့ နမ်ဂျွန့်ကို တွေ့ရသည်။ နမ်ဂျွန့်မျက်နှာက အနည်းငယ် ဒေါသထွက်တဲ့ပုံလား
ဘာလို့လဲ??"စားပွဲကို လက်နေခေါက်နေတာ ရပ်ပေးပါလား
ကျွန်တော်အလုပ်လုပ်နေတာ အာရုံပျက်လို့”ဂျွန့်ရဲ့တောင်းဆိိုမှုကြောင့် thမျက်ခုံးတစ်ဖက်
တွန့်သွားကာ ပြုံးစိစိဖြစ်သွားရသည်။ ထိုင်ခုံကို
ကျောမှီထိုင်လိုက်ပြီး လက်ပိုက်ကာ"အဲ့တာက အကျင့်ဖြစ်နေလို့မရပ်ချင်ဘူး”
"ဘာကအကျင့်ဖြစ်နေတာ…”
"ဒီလို လက်နဲ့စားပွဲခေါက်တာလေ”th သူ့လက်နဲ့စားပွဲကို ထပ်ခေါက်ပြလိုက်တော့
မျက်မှန်နောက်မှ မျက်စောင်းတွေက thဆီရောက်လာခဲ့သည်။"ဒါပေမယ်…”
"ကိုယ့်လက်နဲ့လေ မင်းလက်ငှါးခေါက်နေတာလား”
"မဟုတ်ဘူးလေ ဒါပေမယ့်…”
"ပြီးတော့ ကိုယ့်ရဲ့ရုံးခန်းထဲမှာ အဲ့လိုစားပွဲချပြီး
လာနေတာ မင်းကိုယ်တိုင်လေ”ဂျွန်ဘာမှထပ်မပြောပဲ စူပုတ်ပုတ်ဖြင့် စားပွဲဆီသို့ပြန်လာပြီး ထိုင်ခုံ၌ဝင်ထိုင်နေလိုက်သည်။
th အောင်နိုင်သူအပြုံးဖြင့်ပြုံးပြီး လက်တစ်ဖက်က မေးကိုထောက်ပြီး တစ်ဖက်က စားပွဲခေါက်ကာ စဥ်းစားခန်းပြန်ဝင်နေခဲ့သည်။"taehyung shi”
နောက်တစ်ခါလာပြန်ပြီလား ငါ့ဘာသာ
စားပွဲခေါက်တာကို သူတစ်ယောက်ထဲ
မနေနိင်ဖြစ်နေတာ