ကားအနီပေါ်မှ လူတစ်ယောက် ဘာကိုမှဂရု
မစိုက်ပဲ ပါးစပ်၌ ချိုချဥ်စုပ်ကာ ဆင်းလာသည်
ကိုတွေ့လိုက်ရသည်။ ဂျွန် ထိုသူ့ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်မိသည်။ ထိုသူက သရေဂျာကင်နဲ့ဘောင်ဘီ အမဲရောင်ဝတ်ဆင်ထားပြီး ဆံပင်က တော်ရုံယောက်ျားလေးများထက် ပို၍ပင်ရှည်နေသေးသည်။ ပြီးတော့ ဟိုတစ်နေ့က ဆေးရုံခန်းရှေ့မှာ ဂျွန်နဲ့
တွေ့ခဲ့တဲ့တစ်ယောက်။ သူလည်း company
မှာအလုပ်ဝင်မှာလား။ ဒီလိုပုံစံနဲ့ ceoတော့ မဖြစ်နိုင်။ သူ့ပုံစံက clubသွားမည့်ပုံစံနဲ့ပင်
ပို၍တူနေသေးသည်။"အဟမ်း…အဟမ်း”
sj ချောင်းဟန့်သံကြောင့် ဂျွန်အတွေးများ
ပြတ်သွားပြီး ညီအကို နှစ်ယောက်ကို
ကြည့်လိုက်မိသည်။ sjက ဝန်ထမ်းတွေကို
တစ်ချက်ကြည့်လိုက်ပြီး ဘေးကတစ်ယောက်
ကို သူ့ရှေ့ဆွဲပို့လိုက်ပြီး"ဒါက ဥက္ကဋ္ဌကြီးရဲ့မြေး kim taehyungတဲ့
companyရဲ့ceoအသစ် ဒီနေ့ကစပြီး
companyမှာ အလုပ်စလုပ်လိမ့်မယ် ဟုတ်ပြီလား”thက အားလုံးကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြီး ဘာကိုမှလှည့်မကြည့်တော့ပဲ ဓာတ်လှေကားရှိရာသို့ ထွက်လာခဲ့
သည်။ ဂျွန် နေရာ၌ ခဏကြောင်နေပြီး
ချက်ခြင်း ceoအသစ်ရဲ့နောက်သို့ ပြေးလိုက်
လာခဲ့သည်။ တွေးချိန်တောင် မရလိုက်။
ဝန်ထမ်းများအားလုံးလည်း ထိုနေရာမှ စကား
တပြောပြောဖြင့် ceoအသစ်အကြောင်းပြော
ကာသက်ဆိုင်ရာ ဋ္ဌာနသို့ ပြန်သွားကြသည်။ဂျွန် ပိတ်တော့မည် ဓာတ်လှေကားထဲသို့
လက်ခံလိုက်ပြီး ဓာတ်လှေကားထဲ မြန်မြန်ဝင်လိုက်ရသည်။ ဓာတ်လှေကားထဲကြည့်တော့
သူနဲ့ceoအသစ်နှစ်ယောက်ပဲ ရှိသည်ကို
တွေ့ရသည်။ sjပင် နောက်မှာကျန်နေခဲ့သည်။ thကဂျွန်ရှိရာကို တစ်ချက်စောင်းကြည့်လိုက်ပြီး"မင်းက ဆေးရုံမှာ တွေ့ခဲ့တဲ့ တစ်ယောက်လား”
"ဟုတ်…ဟုတ်ကဲ့”
"ပြီးတော့ secretaryလား”
"ဟုတ် kim namjoonလို့ခေါ်ပါတယ် တွေ့ရတာ
ဝမ်းသာပါတယ် sir”thက စပ်ဖြဲဖြဲလုပ်လိုက်ပြီး
"အင်း…အခု ဘယ်အထပ်ကို သွားရမှာလဲ”
![](https://img.wattpad.com/cover/323454995-288-k137648.jpg)