seoulမြို့ရဲ့ အဆင့်မြင့်ဆေးရုံကြီး၌ ဆရာဝန်များလှုပ်လှုပ်ရှားရှားနဲ့အလုပ်များနေကြသည်။
"ဆရာဝန်ကြီးများအားလုံး အထူးခန်းနံပါတ်*** အခုချက်ခြင်းလာခဲ့ပေးပါ
ထပ်ပြောပါမယ် ဆရာဝန်ကြီးများအားလုံး
အခုချက်ခြင်းလာခဲ့ပေးပါ”
ဆေးရုံဝန်းအနှံ့ ရေဒီယိုမှတစ်ဆင့်ကြေငြာနေသောအသံက ပျံ့နှံ့သွားသည်။ သက်ဆိုင်ရာ wardအသီးသီးမှ ဆရာဝန်များ ပြေးထွက်လာပြီး သက်မှတ်သောအခန်းသို့ပြေးလာနေကြသည်။
ဒီအခန်း၌ လူနာကို ဆေးရုံရှိ ဆရာဝန်များအားလုံး ဝန်ထမ်းအားလုံးသိထားကြသည်။koreaနိုင်ငံရဲ့ ပထမမျိုးဆက်သူဋ္ဌေးကြီးများထဲက တစ်ဦးဖြစ်တဲ့ kim mingyuရဲ့ အခန်းပင်ဖြစ်သည်။
kingdomအမည်ရှိ koreaတစ်နိုင်ငံလုံးရဲ့ တစ်ခုတည်းသော ကလေးစားစရာများထုတ်လုပ်သော companyပိုင်ရှင်ဖြစ်သည်။ ကလေးစားစရာ ထုတ်လုပ်သောကြောင့် အထင်သေးစရာမလိုပေ။ ဒီအလုပ်ကို ချစ်မြတ်နိုးသောကြောင့်
သူဋ္ဌေးကြီးက ဒီအလုပ်တစ်ခုတည်းကိုသာ ဇောက်ချလုပ်ကိုင်ထားခြင်းဖြစ်သည်။ koreaရဲ့ ကြီးမားသော လုပ်ငန်းတိုင်းနီးပါး kimရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ မလွတ်ကင်းပေ။ အခု ဤဆေးရုံ၌လည်း kimက အဓိကရှယ်ယာရှင်
ပင်ဖြစ်သည်။
ဆေးရုံရဲ့ ပါရဂူကြီးများ တစ်ယောက်ပြီးတစ်ယောက်စမ်းသပ်ပြီး ဝမ်းနည်းစွာ ခေါင်းသာ ခါးရမ်းပြနေကြသည်။ kimရဲ့သားနဲ့သမီးနှစ်ယောက်လုံး အသံတိတ်မျက်ရည်ကြနေကြသည်။ ဒါဟာ သူတို့အဖေရဲ့ နောက်ဆုံးအချိန်ပင်။
kim taeri မျက်ရည်များကြားကနေ သူ့ရဲ့သားဆီကို ဒေါသတကြီးဖြင့် ဖုန်းခေါ်နေရသည်။
kim min hyulkနဲ့kim taeriက သူဋ္ဌေးကြီးရဲ့သားနဲ့သမီးဖြစ်ကာ taeriက အသက်၅၀ရှိပြီဖြစ်ပြီး min hyulkထက်၅နှစ်ငယ်သည်။
taeri သားကို မကိုင်မချင်းဖုန်းခေါ်နေမိသည်။ ကိုယ့်အဘိုးက နောက်ဆုံးအချိန်ရောက်နေပြီကို
ဒင်းက အခုထိ အပြင်မှာ အပျော်ရှာလို့ကောင်းနေတုန်း။ သားလေးတစ်ယောက်မွေးထားပါတယ် ထိန်းလို့ကို မနိုင်ပေ။ တစ်ရက်တစ်ရက်
ဒင်းပြဿနာရှာမှာကို လန့်နေရသည်။ ဘယ်အချိန်ကစပြီး သားက ဒီလောက်ထိ ဆိုးသွားမှန်းကို မသိလိုက်ပေ။ ထိုစဥ် အဖေက တပ်ထားသော oxygenကို ဖြုတ်လိုက်သဖြင့် အကုန်လှုပ်လှုပ်ရှားရှားဖြစ်သွားကြရသည်။
