အပိုင်း[၈]

168 15 8
                                    

"taehyung shii ဒီနေ့ရုံးဆင်းရင် သွားစရာ
တစ်နေရာရှိတယ်နော် ဘယ်မှ သွားလို့မရသေးပါဘူး ကျွန်တော်နဲ့ အဲ့နေရာကို သွားပြီးမှပဲ
taehyung-shi သွားချင်တဲ့  နေရာကိုသွားလို့ရပါမယ်"

thငြင်းဖို့ ပါးစပ်အဟကိုပင် မစောင့်
စာအုပ်ပုံကြားခေါင်းတိုးသွားတဲ့
နမ်ဂျွန်ကို ကြည့်ပြီး thနှုတ်ခမ်းကို
တင်းတင်းစေ့ထားမိသည်။ thလည်း
တစ်သက်လုံးသူများကို
ဆရာလုပ်လာသမျှ အလုပ်ရောက်မှ
ရာထူးအကြီးဆုံးနေရာရောက်ပြီး
အတွင်းရေးမှူးပြောသမျှ ခံနေရသော
kim taehyungဖြစ်လို့နေသည်။
နောက်ကျရင်တော့ နမ်ဂျွန်ကို
မှတ်လောက်သားလောက်အောင် ပညာပေးဦးမည်ဟု တေးထားလိုက်သည်။

ညနေရုံးဆင်းတော့ နမ်ဂျွန်က သွားနှင့်ဟု
ပြောသဖြင့်
thအရင်ကားဆီရောက်နှင့်ကာ ကားထဲ၌
ထိုင်စောင့်နေခဲ့သည်။ ခဏအကြာကြတော့
thရဲ့ကားဆီသို့ လက်က အထုတ်တွေအပြည့်အပြင် ပုံးတွေကိုပါ ပွေ့ပိုက်ပြီးရောက်လာသော ဂျွန့်ကိုတွေ့ရသည်။ အထုတ်တွေများလားမများလားက ဂျွန်ရဲ့မျက်နှာကိုပင် မမြင်ရ။
thကားထဲကပင်
ဂျွန့်ကိုကြည့်နေခဲ့သည်။ ဂျွန်လက်နှစ်ဖက်က
အထုတ်တွေကိုပွေ့ပိုက်ထားသဖြင့်
ကားတံခါးကိုဖွင့်ဖို့ရာ အခက်အခဲဖြစ်လို့နေသည်။  ဂျွန် thရှိရာ ကားတံခါးဘက်ကို
ရှိရာဘက်ကို ရောက်လာခဲ့ပြီး

"အတွင်းရေးမှူးကင်မ်ရဲ့ထိုင်ခုံက ဟိုဘက်မှာလေ
ဒီဘက်ကိုဘာလာလုပ်တာလဲ"
th ပြုံးစစဖြင့် ပြောလိုက်သည်။
"taehyung shi ဒီမယ် ကျွန်တော့်လက်ထဲက
အထုတ်တွေကို မမြင်ဘူးလား
ဘယ်လိုလုပ်ကားတံခါးကို ဖွင့်ရမှာလဲ"
ဂျွန်မျက်နှာကိုမမြင်ရသော်လည်း
ဂျွန့်နှုတ်ခမ်းက စူနေမည်ဟု thသိသည်။
"အဲ့ဒါဆိုလည်း ယဥ်ယဥ်ကျေးကျေးနဲ့
ကျွန့်တော့်ကို ကားတံခါးလေးဖွင့်ပေးပါဦးလို့
ပြောလေ Namjoon shi
ကားနားကိုရောက်လာတာနဲ့ အလိုက်တသိ
ဖွင့်ပေးမယ့် မင်းရဲ့ ကားဒရိုင်ဘာလို့ ကိုယ့်ကို
ထင်နေတာလား"

မမြင်ရသော ဂျွန့်ရဲ့မျက်နှာက သူ့ကိုမျက်စောင်းထိုးနေမည်မှာသေချာပေါက်ပင်။

ဂျွန် thကို မမြင်ရသော်လည်း မျက်စောင်းထိုးလိုက်ပြီး

"kim taehyung-shi ကျွန်တော့်ကို ကားတံခါးလေးတစ်ချက်လောက်ဖွင့်ပေး..."
"joonie?? "

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

what wrong with secretary kimWhere stories live. Discover now