ဒိုင်း…ဒိုင်း…ဒိုင်း
ဝုန်း…ဝုန်း
ရန်သူတွေ အလစ်ဝင်တိုက်လာတယ်
မြန်မြန် လက်နက်တွေယူပြီး ဆရာတို့ကို
ကာကွယ်ကြ!!!အော်သံနဲ့အတူ kim mafia တစ်ဖွဲ့လုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ ညရဲ့တိတ်ဆိတ်နေသော အေးချမ်းမှုကို သေနတ်သံများ
ပေါက်ကွဲသံများ ဒဏ်ရာရသူတွေရဲ့ ညည်းတွားသံများ အော်ဟစ်သံများဖြင့် အကျည်းတန်စေသည်။ အစောကပျော်ရွှင်စွာဖြင့် ကျဥ်းပ
နေခဲ့သော နေရာက ယခုအခါ ငရဲခန်းပမာပင်။
kim mafia တစ်ဖွဲ့လုံးက မြို့ပြနဲ့ဝေးရာ
တောထဲ၌ တည်ရှိနေသဖြင့် ဘယ်သူမှ ဒီနေရာ၌ ဖြစ်ပေါ်နေသော ငရဲကို သတိပြုမိမှာ မဟုတ်သည်မှာသေချာသည်။ဒီနေ့က kim mafiaရဲ့အကြီးအကဲများတွေ့ဆုံ
သည့်ညဖြစ်ပြီး လက်အောက်ငယ်သားများကို
ပါအရက်သေစာများဖြင့် စုံစုံလင်လင်ကျွေးမွေး
သည့်ညဖြစ်သည်။ လုံခြုံရေး အပြည့်အဝထားရှိထားသော်လည်း ဒီအခြေအနေရောက်လာခြင်းသည် တစ်ခုသာဖြစ်နိုင်သည်။သစ္စာဖောက်
kim dohong ဘာမှစဥ်းစားချိန်မရ။ သူ့ရဲ့ ဇနီးကို ကလေးတွေဆီသွားခိုင်းပြီး ပုန်းခိုင်းလိုက်သည်။ ကိုယ်တိုင်လည်း သေနတ်ယူကာ အဖွဲ့သားများနဲ့အတူ ကာကွယ်ရန် ရှေ့သို့ပြေးထွက်လာခဲ့သည်။ အစောနက ပေါက်ကွဲမှုကြောင့် ခေါင်းမှ ထွက်နေသောသွေးများကို အဝတ်နဲ့ဖြစ်သလို
မြန်မြန်စည်းထားရခြင်းကြောင့် သွေးမတိတ်ပဲ
တစ်စက်စီကျနေသည်။ dohong အကာအကွယ်ဝင်ယူလိုက်တော့ သူ့တပည့်တွေက သတိထားမိပြီး"ဆရာ အဆင်ပြေရဲ့လား”
"အေး အခုအခြေအနေဘယ်လိုနေလဲ”dohongရဲ့ညာလက်ရုံးမျက်နှာပျက်သွားပြီး
"အခု နောက်ဆုံးဂိတ်ကို ဖြတ်လာနေပြီဆရာ အဝေးကနေ စနိုက်ပါတွေနဲ့ပါချိန်ပြီးပစ်နေတာ
ကျွန်တော်တို့ကာကွယ်ချိန်ကို မရဘူး သူတို့က
ဒီလိုနေ့အတွက် သက်သက်ကို အစီအစဥ်တကျလုပ်ထားတာ သူ…သူတို့က”
"တို့အကုန်လုံးကို သေအောင်သတ်ဖို့စီစဥ်နေတာပဲ”dohong စကားကို ပြီးအောင်ပြောလိုက်သည်။
သူတို့ mafiaတွေက ညှာတာခြင်းမရှိ။ သေမှာကို
မကြောက်။ ဒါပေမယ့် dohongစိုးရိမ်နေတာ တစ်ခုရှိသည်။ သူ့ရဲ့သားတွေကိုပဲ။ သူ့ဇနီး
ကလေးတွေကို လုံခြုံအောင်ဖွက်နိုင်ပါစေပဲ
dohongဆုတောင်းလိုက်သည်။ သူ့ရဲ့အဖွဲ့သားတွေကို ထားခဲ့ပြီး ကိုယ်လွတ်မရုန်းနိုင်။ ဒီအဖွဲ့ကို
တည်ထောင်ထားသည်မှာ ၁၀စုနှစ်မကတော့။
သူ့ရဲ့နောက်ဆုံးအချိန်မှာ သားတွေကို
မနှုတ်ဆက်လိုက်ရ၍ နောင်တရမိသည်။