အပိုင်း[၈]

251 17 7
                                    

"Joonie သားဖြေးဖြေးသွားလေ ကားက
momတို့ကို စောင့်နေမှာပဲကို"
"mom...mom joonieကမ်းခြေကို မြန်မြန်ရောက်ချင်နေပြီ"

ဖွင့်ထားသော ကားတံခါးနားမှာ ဂျွန် စိတ်လှုပ်ရှားစွာ ခုန်ပေါက်ပြီး အော်ပြောမိသည်။  ဂျွန့်ရဲ့မေမေက ဂျွန့်ခေါင်းကို ဖွဖွလေးပွတ်လိုက်ပြီး

"ကားထဲ၀င်ထိိုင်နှင့်တော့နော် joonieရဲ့papaက
နောက်ကားနဲ့လိုက်မှာ အလုပ်ကိစ္စတွေမပြီးသေးလို့"

အစောက၀င်းလက်နေသော ဂျွန့်မျက်နှာက
ချက်ခြင်းပင် မဲ့ချင်ဖြစ်သွားသဖြင့်
ဂျွန့်မေမေက ဂျွန့်ကို ရင်ခွင်ထဲဆွဲဖက်လိုက်ပြီး

"Joonie၀မ်းမနည်းနဲ့နော် papaကမလိုက်တာမှမဟုတ်တာကို အလုပ်လေးတွေအရင်လက်စသပ်ရုံပဲ"

joon papaက ဖုန်းပြောရင်း ကားထဲ၀င်ခါနီး
အဆင်ပြေရဲ့လားဆိုသောအကြည့်ဖြင့်
ကြည့်တော့ momက ခေါင်းငြိမ့်ပြပြီး
ကားထဲ၀င်ရန်လက်ပြလိုက်သည်။
Joonနဲ့ mom ကားပေါ်တတ်ပြီး ကားများ မောင်းထွက်လာခဲ့ကြတော့ ဂျွန် လမ်းဘေးရှိ
စိမ်းစိုနေသော ရှုခင်းများကို ပျော်ရွှင်စွာကြည့်ရင်း လိုက်လာခဲ့သည်။

"Joonie ကမ်းခြေသွားရမှာဒီလောက်ပျော်နေတာလား"
"ပျော်တာပေါ့ momရဲ့ joonieသူငယ်ချင်းတွေနဲ့
ပထမဆုံးအကြိမ်ဆုံရတော့မှာကို မပျော်ပဲ နေပါ့မလား"

ဂျွန့် အဖြေကို သဘောကျစွာ joonရဲ့ mom ရယ်နေလိုက်သည်။  အရာအားလုံးက အေးအေးချမ်းချမ်းပင် ဖြစ်နေခဲ့သည်။ ဂျွန့်ရဲ့စိတ်ထဲမှာလည်း
ကမ်းခြေရောက်ရင် ဘာလုပ်မလဲဟုသာ
အစီအစဉ်ဆွဲနေခဲ့တော့သည်......

ဒိုင်း...ဒိုင်း...ဒိုင်း

အား...!!!!

ထွက်ပေါ်လာသော သေနတ်သံနှင့်အတူ
ဂျွန်တို့ကားက ချောက်ထဲသို့ လှိမ့်ကျသွားခဲ့သည်။
တဒင်္ဂအတွင်းဖြစ်ပျက်သွားသောကြောင့်
ဂျွန်မသိလိုက်ခင်မှာပဲ ဂျွန့်ခန္ဓာကိုယ်က မြေပြင်ကို  ပြင်းပြင်းထန်ထန်ရိုက်မိခဲ့သည်။
ဂျွန့်ခန္ဓာကိုယ်ရှိအရိုးတိို့က အစိတ်စိတ်
အမွှာမွှာ ကြေသွားသလားပင်မှတ်ရသည်။
ဂျွန့်မျက်နှာပေါ်ကိုလည်း ပူနွေးနေသော အရည်များက စီးကျနေခဲ့သည်။  ဂျွန့်ရဲ့ မျက်လုံးတွေ
အားယူပြီးဖွင့်ကြည့်တော့  ဘာမှမမြင်ရ။
ဂျွန့်လက်တစ်ဖက်ကို မြှောက်ပြီး မျက်နှာရှိအရည်တို့ကို ဖယ်ပြီး ပတ်၀န်းကျင်ကို ကြည့်ဖို့
ကြိုးစားကြည့်သည်။ သို့သော် လက်က
မြှောက်၍မရ။ တခြားလက်တဖက်ကို
ဖြည်းဖြည်းချင်းမြှောက်ကြည့်သည်။
နာလွန်းသော်လည်း လက်ရွေ့ရသဖြင့်
ဖြည်းဖြည်းချင်း ဂျွန့်မျက်နှာနားစီ ကပ်ကာ
မျက်နှာကို လက်ဖြင့်ပွတ်ကြည့်သည်။
မျက်လုံးက ဘာမှမြင်မလာခဲ့၍
ဂျွန့်အလန့်တကြားဖြင့် မြေကြီးပေါ်လက်ဖြင့်
စမ်းကြည့်ပြီး

Son of MAFIAWhere stories live. Discover now