တောက်...တောက်...တောက်
ဂျွန်ကုတင်ပေါ်၌ လှဲနေရင်း ရုတ်တရက် ပြတင်းပေါက်ဆီမှ အသံကြားသဖြင့်
လန့်သွားကာ ကုတင်ပေါ်မှ မြန်မြန်ဆင်းရင်း
အခန်းတံခါးဆီပြေးဖို့ပြင်မိသည်။ ထိုအခါ
အသံခပ်အုပ်အုပ်က ပြတင်းပေါက်အပြင်ဘက်မှ ထွက်လာခဲ့သည်။"သခင်လေး မလန့်ပါနဲ့ ကျွန်တော်တို့က
ခေါင်းဆောင် သခင်လေးကို ကယ်ဖို့လွှတ်လိုက်တဲ့သူတွေပါ"
"papaက?? ဒိလောက်အမြန်ကြီးရောက်လာခဲ့တယ်"ဂျွန် မယုံသင်္ကာဖြင့်မေးတော့
"ဟုတ် သခင်လေး ကျွန်တော်တို့လေးယောက်က
ဒီမြို့မှာ နေပြီး ခေါင်းဆောင်ရဲ့ လုပ်ငန်းလုပ်ကိုင်ပေးနေတဲ့သူတွေပါ မနက်က ကားစိမ်းတွေ
မြို့ထဲ၀င်လာကတည်းက သတိထားနေခဲ့တာ
ခေါင်းဆောင်ဆီက အမိန့်၀င်လာလို့
ကြည့်တော့ သခင်လေးမှန်းသိတာပါ
ခေါင်းဆောင်က သခင်လေးယုံအောင်
ဘယ်လိုလုပ်ရမလဲဆိုပြီးပါ သင်ပေးလိုက်ပါတယ်"ပြတင်းပေါက်မှန်ကို ခုနစ်ချက်ဆက်တိုက်ခေါက်ပြတော့မှ ဖြေးဖြေးချင်းထကာ ပြတင်းပေါက်ဆီသွားလိုက်မိသည်။ ဒီအသံက
papa အမြဲခေါက်နေကြ အသံမျိုးဖြစ်၍
ဂျွန် ပြတင်းပေါက်ကို သာသာယာယာဖွင့်ပေးလိုက်မိသည်။ ပြတင်းပေါက်ဖွင့်တော့ လူတစ်ချို့က အခန်းထဲ၀င်လိုက်ပြီး"တ...တကယ် papaလွှတ်လိုက်တာပေါ့"
"ဟုတ် သခင်လေး"
"ဂျွန့်...ဂျွန့်ကို ပြန်ပေးဆွဲတဲ့သူတွေကရော
ဘယ်သူတွေလဲ"
"ကျွန်တော်တို့လဲမသိဘူး သခင်လေး ခေါင်းဆောင်ဆီပုံပို့ပြီး သူတို့ရဲ့နောက်ကြောင်းနဲ့ပတ်သတ်တာ ဘာမှရှာမတွေ့ခဲ့ဘူး အခု သူတို့မရိပ်မိခင်မြန်မြန်သွားရအောင်"ဂျွန်ဘ၀မှာ ဒီလောက်ထိမြန်မြန်ခေါင်းမငြိမ့်ခဲ့ဘူးပေ။ papaက ဂျွန့်ရဲ့အမြင်အာရုံကွယ်နေသည်ကိုပါ ပြောထားသည့်ထင်။ ထိုသူတို့က ဂျွန့်ခါးကို
သေချာကြိုးဖြင့်ချည်ကာ ပြတင်းပေါက်မှတစ်ဆင့်အောက်သို့ချပေးသည်။"ဘုန်း..."
"ပန်းလေး..."ဂျွန်မြေကြီးပေါ်ခြေချရုံရှိသေး ဂျွန့်ဘေးသို့
လူတစ်ယောက်ပြုတ်ကျလာသံကြားရသည်။
ထို့အတူ အော်သံတစ်ခု။ သူ...သူတို့သိသွားပြီ
ဂျွန့်လက်ကို ဆွဲကာ ပြေးသဖြင့် ဂျွန်စမ်းတ၀ါး၀ါးဖြင့်သူတို့ခေါ်ရာနောက်ပြေးလိုက်လာခဲ့သည်။
ကားတံခါးပိတ်ဖို့ပြင်တော့ ဂျွန့်ဘေး၀င်ထိုင်တဲ့
တစ်ယောက်ရဲ့လက်ကိုဆုပ်ပြီး မေးလိုက်မိသည်။