ညီအကိုခြောက်ယောက်လုံးဆီက စကား
တစ်ခွန်းမှပင်ထွက်မလာပဲ သူတို့ရှေ့ secreenအကြီးကြီးပေါ်တင်ထားသော
ပန်းလေးရဲ့ပုံကိုသာ စိုက်ကြည့်နေမိသည်။
သူတို့အစည်းအဝေးခန်းထဲ၌ ထိုင်နေသည်မှာ အတော်ကြာပြီဖြစ်သည်။
တစ်ခန်းလုံးတိတ်ဆိတ်နေသည်မှာလည်း
secreenဖွင့်လိုက်ကတည်းကပင်။ သူတို့ရဲ့
ပန်းလေးက ဘယ်အချိန်ကြည့်လိုက်လိုက်
သူတို့အသက်ရှူသံတွေလွင့်စင်သွားအောင်
လှပလွန်းသည်။ နူးညံ့လွန်းနေခဲ့သည်။
သူတို့ပန်းလေးရဲ့အလှကို ဝန်းရံထားသော
ပန်းတို့ကမယှဥ်နိုင်ခဲ့။ စကားမပြောကြသော်လည်း ညီအကိုတွေရဲ့ အတွေးတွေက
ပျံ့လွှင့်လို့နေသည်။ဒီအချိန်ပန်းလေးဘာလုပ်နေမှာလဲ။
မနက်စာစားနေမှာလား…သူအပြင်ကို
အလည်သွားနေမှာလား ဒါမှမဟုတ်
ပန်းခြံထဲမှာပဲ နေနေမှာလား
ထိုအတွေးတို့က သူတို့ရင်ထဲအေးချမ်းသွားစေသည်။ နယူးယောက်မှာ bangtanဆိုပြီး
မာဖီးယားဂိုဏ်းစထောင်ကတည်းက သူတို့
ညီအကိုတွေဘဝက အေးချမ်းသည်ဟု မရှိခဲ့။
အမြဲအရာရာကို စောင့်ကြည့်ပြီး သတိထား
နေရသည်။လျင်သူစားစတမ်းဘဝမှာ
နည်းနည်းသတိလွတ်လိုက်တာနဲ့ သူတို့ဘဝက ကမ္ဘာပေါ်မှချက်ခြင်းပျောက်ကွယ်သွားနိုင်သည်။ ဒါကြောင့် သူတို့ပဲ အရာရာရှေ့ကပြေးနိုင်အောင်ကြိုးစားခဲ့သည်။ သူတို့မလုပ်ခင်ကိုယ်က အရင်ဦးအောင်လုပ်ငန်းလုပ်သည်။ သူတို့မသတ်ခင် ကိုယ်က ဦးအောင်သတ်သည်။ ဒီတစ်နှစ်အတွင်း သူတို့ကိုအသေသတ်ချင်နေသောလူတွေကလည်း ဒုနဲ့ဒေး။ ထိုင်းမှာ အဘက်ဘက်ကနေ တတ်သင့်တာမှန်သမျှ အကုန်လေ့ကျင့်ပြင်ဆင်ထားသော်လည်း ညီအကိုအချင်းချင်းအမြဲ
စိတ်ပူနေခဲ့သည်။ မိဘတွေမရှိတော့သော
ဘဝမှာညီအကိုအချင်းချင်းပို၍ အားကိုးကာ အရာအားလုံးထက်ချစ်ခင်ကြင်နာကြသည်။
ခြောက်ယောက်လုံးရဲ့ရည်မှန်းချက်က
kim minjaeကို သတ်ဖို့ဖြစ်သော်လည်း
ရည်မှန်းချက်ပြည့်ဝအောင်ဆောင်ရွက်နိုင်သည့်အချိန်ကျ ၆ယောက်လုံးအတူတူအောင်ပွဲခံချင်သည်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်နှုတ်က ထွက်မပြောကြသော်လည်း အမြဲတစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ကြသည်။
missionသွားရင်လည်း သွားတဲ့သူတွေအတွက်
နောက်မှာကျန်ခဲ့တဲ့သူတွေက စိတ်ပူရတာ
အမောပင်။ ယခုတော့ သူတို့ရဲ့ ဒေါသတွေ
ရန်လိုစိတ်တွေ ကိုယ့်ညီအကိုတွေအတွက်
ပူလောင်ရခြင်းတွေကြားထဲမှာ အေးချမ်းရာ
အိုအေစစ်လေးကို ရှာတွေ့ပြီ …ဘယ်တုန်းကမှ
လူတစ်ဦးတစ်ယောက်မှ သူတို့အတွက်
ဆွဲဆောင်မှုမရှိခဲ့သော်လည်း ယခု ပန်းလေးနဲ့
ကျမှ ၆ယောက်လုံးရဲ့ရင်ခုန်သံတွေက ပို၍
မြန်လို့နေသည်။ သူတို့ကိုယ်တိုင်လည်း
ပန်းလေးကြောင့် မြန်လာရသောရင်ခုန်သံတို့ကို သဘောကျသည်။