အပိုင်း[၆]

323 22 11
                                    

ခရမ်းရောင်မျက်ဝန်းတို့ကို jkအတန်ကြာ
စိုက်ကြည့်နေခဲ့သည်။ သူ့ကို ကြည့်နေတဲ့
ထိုမျက်ဝန်းလေးက နူးညံ့လွန်းလှသည်။ အေးချမ်းလွန်းသည်။ ထိုမျက်ဝန်းတို့က
ကြင်နာသနားမှုတို့အပြည့်ဖြင့်ဖြစ်နေသည်။
ပန်းလေးရဲ့မျက်နှာလေးနဲ့
ထိုမျက်ဝန်းလှလှလေးက လိုက်ဖက်နေ
လွန်းသည်။ သို့ပေမယ့် ပန်းလေးရဲ့နှုတ်ခမ်းတို့ကတုန်ရီနေကာ မျက်ရည်တို့တစ်ဖန်ပါးပြင်ပေါ်စီးကျလာခဲ့သည်။ ပန်းလေးခန္ဓာကိုယ်တစ်ခုလုံးကတုန်ရီနေသည်မှာ လေတိုက်လျှင်ကြွေကျ​တေ့ာမည် သစ်ရွက်လေးပမာ…

"ကျစ်…”

ငါတို့တွေ ပန်းလေးလန့်သွားအောင်လုပ်မိသွားပြီ
ငါကြောင့်ပန်းလေးဝမ်းနည်းနေရတာ ပန်းလေးရဲ့
တီလေးကို ရှေ့တင်သတ်လိုက်မိတယ်
jkမင်းတော်တော်နမော်နမဲ့နိုင်တာပဲ

အတွေးတို့ကြောင့် jkရင်ဘတ်ထဲအောင့်လာ
ရသည်။ ပန်းလေးသူ့ကို မုန်းသွားရင်
ဘယ်လိုလုပ်မလဲ။ jkအတွေးမဆုံးပင်
ပန်းလေးခန္ဓာကိုယ်လေးက အရုပ်ကြိုးပြတ် jkရင်ခွင်ဆီလဲကျလာသဖြင့် jkဆီးပွေ့
ထားလိုက်ရသည်။ ထို့နောက် ပန်းလေးကို bridal styleပွေ့ချီလိုက်ပြီး
မတ်တပ်ရပ်လိုက်​တော့ သူ့အကိုတွေ
အိမ်ပေါ်တတ်လာတာတွေ့လိုက်ရသည်။
jkလက်ထဲ သတိမေ့နေတဲ့ပန်းလေးကိုမြင်တော့
အကုန်လုံးစိုးရိမ်တကြီးဖြင့် jkနားဝိုင်းလာကြသည်။

"jk ပန်းလေးဘယ်လိုဖြစ်တာတုန်း
ထိခိုက်မိသွားတာလား”
jkခေါင်းရမ်းလိုက်ပြီး
"လန့်သွားတာ sj hyung ပြီး​တော့
သူ့အဒေါ်ကိုလည်း ကျွန်တော့ ရှေ့မှာတင်
သတ်လိုက်မိတယ်”

jkစကားဆုံးတော့ ညီအကိုငါးယောက်လုံး
ဆီမှအာမေဋိတ်သံတို့ထွက်လာခဲ့သည်။
ဒါဆိုဟိုနေ့က ပန်းလေးလက်ဆွဲသွားတဲ့
မိန်းမကပန်းလေးရဲ့အဒေါ်ပေါ့။ ကြမ်းပြင်ကို
ကြည့်လိုက်တော့ သူတို့မျက်နှာတွေက
ဖြူဖျော့ကုန်ကြတော့သည်။ ကြမ်းပြင်တစ်ခု
လုံးကသွေးတွေရွှဲနေကာ အလည်၌
ပန်းလေးရဲ့တီလေးဆိုသူရဲအသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုတွေ့ရသည်။

"ပန်း…ပန်းလေး ဒီမြင်ကွင်းကိုမြင်ခဲ့တာလား”

jk သက်ပြင်းချကာ ခေါင်းရမ်းလိုက်မိသည်။

Son of MAFIAWhere stories live. Discover now