ygပြင်ဆင်ထားသည့် 7ယောက်လုံးဆန့်သည့်
Vanဖြင့် hotelကနေ သွားမယ့် သင်္ဘောဆိပ်စီသို့ ထွက်လာခဲ့သည်။ ကားတစ်စီးလုံး
အသံစိုးစဥ်းမျှထွက်မလာခဲ့။ ဂျွန်နဲ့ygကြားက
tensionက ပို၍မြင့်နေခဲ့သည်။ yg
နမ်ဂျွန်နဲ့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို
သူတို့အားလုံးသိပြီးသားဖြစ်သည်။လွန်ခဲ့သော ၅နာရီက;
"ထွက်သွား!!! အခုချက်ခြင်းအပြင်ထွက်သွား ခင်ဗျားအသံကို မကြားချင်ဘူး
သိရဲ့လား ခင်ဗျားဘယ်လိုတောင်
ဂျွန့်အဖေကို သတ်မယ်လို့ ဂျွန့်ရှေ့မှာ
ပြောရဲရတာလဲ တလောကလုံးမှာ တစ်ယောက်ထဲကျန်ရှိတော့တဲ့ သွေးသားအရင်းကိုလေ ခင်ဗျားကို မုန်းတယ်
ခင်ဗျားတို့ ညီအကိုတွေအကုန်လုံးကို
မုန်းတယ်လို့ အရမ်းမုန်းတယ်!!!
ဂျွန့်အဒေါ်ကို သတ်ခဲ့တဲ့အတွက်လည်းမုန်းတယ် ဂျွန့်စိတ်ဆန္ဒမပါပဲ အတင်းခေါ်ထားတဲ့အတွက်လည်းမုန်းတယ်!!!! ဒါနဲ့များ
အရှက်မရှိ လက်တွဲဖော်ဖြစ်လာစေချင်တယ်ဟုတ်လား...ကျွန်တော့်စိတ်ဆန္ဒမပါပဲသာ
ခင်ဗျားဘေးမှာနေရင်နေရမယ်
ကျွန်တော့်စိတ်ကို ခင်ဗျားတို့တတွေ
ဘယ်တော့မှရမှာမဟုတ်ဘူး
ဘာလို့လဲသိလား
ကျွန်တော့်မှာ ချစ်ရမယ့်သူရှိပြီသား
ကျွန်တော်ငယ်ငယ်ကတည်းက ချစ်ခဲ့ရသူ
အရင်တုန်းကလည်း ချစ်ခဲ့တယ်
အခုလည်း ချစ်နေဆဲ နောက်လည်းချစ်နေ...
အာ့..."
yg ဂျွန့်ကို ကုတင်ပေါ် စောင့်တွန်းလိုက်ပြီး
ဂျွန့်အပေါ်ကနေ ခွရက်ဖြင့်နေလိုက်ပြီး
လက်တစ်ဖက်ဖြင့် ဂျွန့်ပါးကို နည်းနည်းဖိလိုက်ကာ
"မင်း စကားပြောတာများသွားပြီပန်းလေး"
ygရဲ့လက်ကို ဂျွန့်ရဲ့လက်သည်းတွေနဲ့
ကုတ်ခြစ်ကာ ဖယ်ဖို့ကြိုးစားသော်လည်း
အချည်းနှီးသာ...
"ဂျွန့်ပေါ်က အခုချက်ခြင်းဖယ်...အခု!!"
"မင်းပြောတဲ့ အကောင်က ဘယ်သူလဲ"ဂျွန့်ပေါ်ကနေ ဖယ်ဖို့ပြောစကားကို မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
ဂျွန် ပါးစပ်ကိုတင်းတင်းစေ့ကာ မျက်နှာကို
ဘေးကိုစောင်းဖို့လုပ်သော်လည်း ပါးကို
ကိုင်ထားသော ygရဲ့လက်တွေကြောင့် လှုပ်၍
မရပေ။