"ပန်းလေး"
ဂျွန့်ပုခုံးကို သာသာယာယာ ကိုင်လှုပ်ပြီး
နှိုးလိုက်တဲ့အသံကြောင့် ဂျွန့်ရဲ့
ခရမ်းရောင်မျက်၀န်းတို့က လှုပ်ခတ်လှုပ်ခတ်ဖြင့်
ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
jm ခါးကို ကိုင်းရက်အနေထားဖြင့်
ဂျွန့်ရဲ့ မျက်၀န်းတို့ကို ငေးမောကြည့်နေမိသည်။
ထိုခရမ်းရောင်မျက်၀န်းတွေနဲ့ မျက်လုံးချင်းဆုံမိတိုင်း အသက်ရှုဖို့မေ့လျော့သည့်အထိဖြစ်ဖြစ်သွားတတ်သည်... jmကိုယ်တိုင်လည်း
အတန်ကြာသည်အထိ
အရာအားလုံးကို မေ့လျော့ကာ
မျက်၀န်းလှလှကို ငေးကြည့်နေခဲ့မိသည်...ဂျွန်ရဲ့ အိပ်နေခြင်းကို နှောင့်ယှက်တဲ့
ထိုအသံကြောင့် ဂျွန်မျက်လုံးတွေ
ပွင့်လာပြီးတဲ့နောက်ထိ
အသံတစ်စိုးတစိမှ ထပ်ထွက်မလာခဲ့...
ဂျွန် ကုတင်ခေါင်းရင်းကို စမ်းကာ
မှီထိုင်လိုက်ပြီး
"အမ်...ဘာ...ဘာကိစ္စရှိလို့လဲ"
အခုမှ ဂျွန်သတိထားမိသည်။
အစောက ဂျွန့်ဘေးမှာအိပ်နေတဲ့
သူနှစ်ယောက်က ဘေးမှာမရှိတော့ပေ။
ဂျွန်ရဲနူးညံ့သော အသံတိုးတိုးကို
ကြားမှ jmပြုံးလိုက်ပြီး
"ပန်းလေးအတွက် ကိုယ်တို့အ၀တ်အစားတွေ
၀ယ်ပြီးပြန်လာတာ မနက်ဖြန်ကိုယ်တို့တွေ
ခရီးစထွက်ကြမယ်လေ
ပန်းလေး သင်္ဘောစီးဖူးလား"
"ဟင့်အင်း...မစီးဖူးဘူး"ဂျွန် အမှန်အတိုင်းဖြေလိုက်မိသည်။
ဂျွန့်ရဲ့ပထမဆုံးကမ်းခြေခရီးစဥ်က
မရောက်လိုက်ရပဲ ဂျွန့်မေမေဆုံးပါးသွားခဲ့ရသည်။ အဲ့ဒီ့နောက် ဂျွန်ရဲ့မျက်လုံးတွေ
ကွယ်သွားရခြင်းနဲ့အတူ ဘယ်ကိုမှမသွားဖြစ်ခဲ့တော့..."ဒါ...ဒါဆို မနက်ဖြန်က ပင်လယ်ထဲကိုသွားပြီး
သင်္ဘောစီးကြမလို့ပေါ့"
"ဟုတ်တာပေါ့ ပန်းလေးရဲ့
သင်္ဘောစီရောက်ရင် ပန်းလေးအရမ်းပျော်သွားမှာ သေချာတယ် အပျော်စီးသင်္ဘောကြီးက
အကြီးကြီး အဲ့ပေါ်မှာ လူတွေကလည်း
အများကြီးပါမှာ ဖျော်ဖြေပွဲတွေရော
ကတဲ့ခန်းမတွေရော ပန်းလေးသဘောကျမှာသေချာတယ်"ဂျွန်နဲ့သွားရမယ့်ခရီးစဥ်အတွက် jmပျော်ရွှင်မှု
အပြည့်ဖြင့် စကားတွေကို တရစပ်ပြောမိသည်။
ဂျွန်တစ်ယောက် စိတ်လှုပ်ရှားမှုတွေဖြင့်
ချွေးထွက်နေသော လက်ဖ၀ါးနှစ်ဖက်ဖြင့်
ကိုယ်ပေါ်ရှိ ခြုံထားသော စောင်ကို
တင်းတင်းဆွဲထားမိသည်။ ဂျွန်မရောက်ဖူးတဲ့
ပင်လယ်ပြင်ကို ချစ်သလောက် မသွားရဲပေ။
ဂျွန့်မေမေရဲ့ accidentကို ပြန်အမှတ်ရမိလာစေသည်။ ဒီလိုမျိုးရုတ်တရက်ကြီး
ကမ်းခြေကိုသွားရမည်က အဆင်ပြေပါ့မလားဟု
စိုးရိမ်စိတ်ကဖြစ်လာရသည်။
ဂျွန်ကမသွားချင်ဘူးလို့ပြောရုံနဲ့
ဒီလူတွေက ပြောလို့ရပါ့မလား...
ဂျွန့်ရဲ့ အတိတ်ကိုရော သူတို့သိအောင်
ပြောပြနေရဦးမှာလား...
မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး ဂျွန့်ရဲ့အတိတ်ကို
ပြန်ပြောင်းပြောပြရလောက်အောင်အထိ
သူတို့တွေနဲ့ဂျွန်နဲ့က ပြောပြရလောက်တဲ့
ဆက်ဆံရေးမဟုတ်ဘူးလေ...
သူတို့တွေက ဂျွန့်ကိုပြန်ပေးဆွဲလာတဲ့
သူတွေ ဂျွန့်ရဲ့စိတ်ဆန္ဒမပါပဲ
သူတို့လျောက်သွားသမျှ လိုက်နေခဲ့ရတာ
ပြီး...ပြီးတော့ ဂျွန့်အပေါ်ကိုလည်း
သူတို့အသားယူခဲ့တယ်
အရင်နေခဲ့တဲ့အိမ်မှာ papaတပည့်တွေထဲက
တစ်ယောက်ယောက် ဂျွန့်ကို ယခုကဲ့သို့
ကိစ္စတွေဖြစ်လာမည်စိုး၍ ဂျွန့်ရဲ့ တီလေးက
အမြဲစောင့်ကြည့်နေပေးခဲ့သည်
papaရဲ့ တစ်ပည့်တွေက ဒီလိုမလုပ်ရဲပေ
papaသာသိသွားရင် သူတို့ အသက်နဲ့ခန္ဓာ
အိုးစားကွဲမည်စိုး၍ ဂျွန့်အပေါ် စိတ်နဲ့တောင်
မပြစ်မှားရဲတာကို တီလေးသိပေမယ့်ပေါ့
အခုလို ဂျွန့်ကို အသားယူနေတာတွေ
papaသာသိသွားရင် ဘယ်လောက်တောင်
ဒေါသထွက်မလဲဆိုတာကို ဂျွန်မတွေးရဲပေ
အခု ဂျွန့်ဘေးရောက်နေတဲ့သူတွေက
ဂျွန်မသိတဲ့နာမည်ကို ခဏခဏခေါ်ပြီး
ဂျွန့်အပေါ်ထားတဲ့သူတို့ရဲ့ခံစားချက်တွေကိုသာ
တဖွဖွပြောနေခဲ့တာ ဂျွန်သူတို့အပေါ်ဘယ်လို
သဘောထားလဲဆိုတာတောင် သူတို့သိချင်ကြတာမဟုတ်ဘူး......