အပိုင်း[၃]

233 20 11
                                    

မနက်ခင်းလေအေးအေးက တောင်ထိပ်၌ ပို၍အေးစွာ ကြမ်းကြမ်းတမ်းတမ်းတိုက်ခတ်
နေခဲ့သည်။ တောင်အောက်ရှိ လမ်းမက
ဖြတ်သွားဖြတ်လာဆို၍ ကားတစ်စီးတောင်
မတွေ့ရ။ခဏအကြာ ဒီနေရာမှာ ဖြစ်လာမယ့်အရာတွေကို စောင့်မျှော်နေသည့်အလား
ဆိတ်ငြိမ်လွန်းနေခဲ့သည်။

"suga…အဲ့ဘက်က ဘာမှ အခြေအနေမထူးသေးဘူးလား ငါတို့စောင့်နေတာ ကြာနေပြီ
လူပါခဲတော့မယ်”
"Jay စိတ်ရှည်ရှည်ထားပြီးစောင့်စမ်းပါ သူတို့
လာမယ့်အချိန်ရောက်တော့မှာပါ”
"မင်းအဲ့လိုပြောနေတာ လွန်ခဲ့တဲ့နာရီဝက်ကတည်းက suga”

sj နှာခေါင်းရှုံ့ကာ ဝင်ပြောလိုက်သည်။
သူတို့မနက်တစ်နာရီကတည်းက တောင်ကုန်းထိပ်ရောက်နေခြင်းပင်။
sjနဲ့hs ရောက်နေသည့်နေရာနဲ့စာလျင်
ygနေရာက တောင်အလည်လောက်ကျကာ လေတိုက်သက်သာနေသေးသည်။
ကိုးရီးယားရဲ့ရာသီဥတုက ထိုင်းနဲ့တခြားစီပင်။
သူတို့ညီအကိုတွေအကုန်လုံး ထိုင်းမှာဆို
ပူလွန်းလို့ အင်္ကျီပင်မကပ်နိုင်။ အမြဲရေထဲတွင်သာဖြစ်သည်။ အခု ကိုးရီးယားရောက်တော့
အေးနေတာခဲမတတ်ပင်။

"jinတောင်ပြောနေပြီ suga ငါ ဟိုတယ်ပြန်ပြီး
ရေနွေးနွေးနဲ့စိမ်ချင်နေပြီ ဒီနေ့သူတို့က လာဦး
မှာတဲ့လား”
"အခုလောလောဆယ် targetကိုသာ အာရုံစိုက်ထားစမ်းပါ ဟိုတယ်ပြန်ပြီး ဇိမ်ခံဖို့စဥ်းစားမနေနဲ့
အလုပ်ကိစ္စပြီးရင် ငါတို့ချက်ခြင်းပြန်ရမှာ”

yg စကားကြောင့် hsရော sjပါ ညီးညူလိုက်မိသည်။ ygတစ်ယောက် သူ့ညီအကိုနှစ်ယောက်စိတ်ပျက်လက်ပျက်ညည်းသံကြားပြီး
ပြုံးလိုက်မိသည်။ နှစ်ယောက်လုံးက အလုပ်ပြီးတာနဲ့ အနားယူတတ်တာ အကျင့်ဖြစ်လို့နေခဲ့သည်။ ထိုင်းမှာဆို အမြဲအဲ့လိုပင်။ ဒါပေမယ့်
အခုက ကိုးရီးယားမှာလေ။ ygတို့ အခုအလုပ်ပြီးတာနဲ့ ချက်ခြင်းပြန်မှဖြစ်မည်။ ယခု mission
ပြီးပြီဆိုတာနဲ့ ygတို့၃ယောက်လုံးရဲ့ လုံခြုံရေးက
မသေချာတော့။ ဘာလို့ဆို အခုသူတို့လုပ်ကြံမည့်
သူက Koreaတစ်နိုင်ငံလုံးမှာရှိတဲ့ mafia
ဂိုဏ်းတွေရဲ့ အကြီးဆုံးခေါင်းဆောင်
Kim minjaeပင်…

လွန်ခဲ့သောတစ်လက…

"uncle ကျွန်တော်တို့သုံးယောက်ကို ခေါ်တယ်ဆို
ဘာကိစ္စရှိလို့လဲ”

Son of MAFIAWhere stories live. Discover now