မှန်ရှေ့မှာရပ်နေသည့် ရှောင်းကျန့်လက်ကလေးတွေကတုန်ယင်နေသည်။ သူ့လည်ပင်းမှာ အနီကွက်တွေ ၅ ခုထက်မနည်းရှိနေ၏။ ဒါဘယ်လိုဖြစ်တာလဲ ကိုကိုမြင်ရင်တော့ ရွံတော့မှာပဲ။
''ညကအရမ်းမူးသွားတယ်။ sorry ပါ''
အနောက်က ရိပေါ်အသံကြားတော့ သူ့ကော်လံစဖြင့်အမြန်ဟလည်ပင်းကိုဖုံးလိုက်သည်။
''ဘာလဲ''
''ဘာ ဘာမှမဟုတ်ဘူး''
ရှောင်းကျန့်ထိုနေရာမှထွက်မည်အပြုရိပေါ်ကသူ့လက်ကိုဆွဲကာ ပြန်တွန်းထားလိုက်သည်။ ထိုအခါမှာတော့ ရှောင်းကျန့်ငိုမဲ့မဲ့ဖြစ်လာပြီး...
''ကျွန်တော့်မှာ ဘာရောဂါမှမရှိပါဘူး။ ဒါ ဘာဖြစ်တာလဲမသိဘူး ဟင့် ''
ရိပေါ်သူ့လည်ပင်းကိုမြင်သွားတော့ မျက်နှာတစ်ချက်ပျက်သွားသည်။ ညကသူမူးမူးနဲ့လုပ်ခဲ့တာ သူမှတ်မိတာပေါ့။ဒါနဲ့ ဒီကောင်လေး ဒါတောင်မသိစရာလား။
''စိတ်မပူနဲ့ သက်သာသွားလိမ့်မယ်''
''ကိုကိုရွံ မှာလား''
''ရွံစရာမှ မဟုတ်ပဲ''
ထိုသို့ပြောတော့ ရှောင်းကျန့် ပြုံးသွားပြီး..
''ကျွန်တော် အဝတ်စားထုတ်ပေးထားတယ်''
''အင်း''
ရိပေါ်တစ်ကိုယ်လုံးလန်းဆန်းနေသည်။ညကရေပတ်တိုက်ထားတာကြောင့်ဖြသ်မည်။ သို့ပေမယ့် သူ့အဝတ်စားတွေကလဲထားပြီး အတွင်းခံကမရှိတော့တာကြောင့်။
''ညက အဝတ်စားလဲပေးခဲ့လား''
ရုတ်တရက်ရှောင်းကျန့်ပူထူသွားသည်။ ညကအရာကြီးက တော်တော်နဲ့ အာရုံထဲကမပျောက်လို့အိပ်ယာဝင်နောက်ကျခဲ့တာကို ထပ်ပြီးတော့။
''ကျွန်တော်လဲပေးထားတာပါ။တောင်းပန်ပါတယ်။ကိုကို မနက်နိုးရင်ညောင်းနေမှာစိုးလို့''
ထိုသို့ပြောပြီးရှောင်းကျန့် အခန်းထဲမှပြေးထွက်ခဲ့လေသည်။
...''ကျန့် မင်းလည်ပင်းက''
''ငါအရမ်းစိတ်ညစ်တာပဲ။ ဆေးခန်းသွားရင်ကောင်းမလား''